ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ရှောင်ဦးရေ ၆၀၀ ကျော် ရောက်ရှိလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ရှောင်ဦးရေ ၆၀၀ ကျော် ရောက်ရှိလာ

ကမ္ဘောဇတိုင်း

.

ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၁၃ ရက်မှ စတင်၍ ဖြစ်ပွားခဲ့သည့် RCSS နှင့် မြောက်ပိုင်းအဖွဲ့တို့၏ တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့်အတွက် အနီးဝန်းကျင်ရှိ ကလောဝိုင်း၊ တောင်ပလို့၊ ရွာသစ်၊ တုန်ခံကျေးရွာများမှ ဒေသခံကျေးရွာသား ၆၀၀ ကျော်သည် ပန်စံကျေးရွာနှင့် ကန့်ကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း များသို့ ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်၊ နေ့လယ်ပိုင်းတွင် တိမ်းရှောင်ရောက်ရှိလာကြကြောင်း သိရသည်။

.


.

အဆိုပါ လက်နက်ကိုင်အဖွဲ့များ၏ ထိတွေ့တိုက်ပွဲများအတွင်း အပြစ်မဲ့ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများ လည်း ရှိနေသည်ဟု သိရသည်။

.

ဒဏ်ရာရရှိသူများအနက်မှ ကလောဝိုင်းကျေးရွာနေ ဒေါ်မြင့်သန်းမှာ ဒဏ်ရာရရှိပြီး ၄ ရက်မြောက် နေ့တွင်မှ တောလမ်းအတိုင်း ဆိုင်ကယ်ဖြင့် ခေါ်ဆောင်လာကာ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

.

“လက်ရှိအခြေအနေက ပိုမိုပြင်းထန်လာပါတယ်။ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ကျေးရွာတွေ ကျန်ရှိနေသလို တိုက်ပွဲ ရှောင်ဦးရေလည်း ပိုမိုတိုးပွားလာနိုင်ပါတယ်” ဟု ကျောက်မဲစစ်ရှောင် ကူညီရေးအဖွဲ့မှ ကိုသာဇော်က ပြောသည်။

.

ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်ကလည်း သီပေါမြို့နယ်၊ ကျစ်ဖွန်ကျေးရွာမှ တိုက်ပွဲရှောင်လာသည့် အိမ်ထောင်စု ၃၄ စုမှ စစ်ရှောင် ၁၀၆ ဦးတို့ကို မန်မိုင်ကျေးရွာနှင့် ကောင်းဟုန်းကျေးရွာတို့တွင် နယ်စည်းမခြားပ၌ဟိတနှင့် သီပေါလူငယ် လူမှုကူညီရေးအသင်းတို့မှ သွားရောက်ခေါ်ဆောင်ကာ နောင်ကော်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ပို့ဆောင် ပေးခဲ့ရကြောင်း သိရသည်။

.

ဓါတ်ပုံ - ကိုမျိူး/ကိုသာဇော်

.

Journal Download

Photo of three cats