ကမ္ဘောဇတိုင်း
.
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဖမ်းဆီး ထိန်းသိမ်းခံထားရသူများ
အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးအတွက် စုပေါင်းတောင်းဆိုသည့်အနေဖြင့် ယနေ့ ဖေဖော်ဝါရီလ
၁၅ ရက်၊ နေ့လယ်ပိုင်းက တောင်ကြီးမြို့တွင် မီးပုံးပျံလွှတ်တင်ကာ တောင်းဆိုခဲ့ကြောင်း
သိရသည်။
.
“စစ်အာဏာသိမ်းအစိုးရကို လုံးဝလက်မခံနိုင်ဘူး
ဆိုတဲ့အကြောင်းရယ်၊ ကျွန်တော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့
ဖမ်းဆီးခံထားရသူတွေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုတာပါ။ တောင်ကြီးမြို့ရဲ့ ရိုးရာလည်းဖြစ်တဲ့အတွက်
လုပ်တာပါ။ ကျွန်တော်တို့ လူငယ်တွေ စုစုစည်းစည်းနဲ့ ရိုးရာနဲ့ တောင်းဆိုတာပါ” ဟု မီးပုံးပျံလွှတ်တင်ရာတွင်
ပါဝင်သူတစ်ဦးက ပြောသည်။
.
ပြီးခဲ့သည့် ဖေဖော်ဝါရီလ
၁ ရက်က တပ်မတော်မှ အာဏာသိမ်းယူပြီးနောက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအကြီးအကဲများ၊ NLD ခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများအပြင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ
အဆင့်ဆင့်မှ တာဝန်ရှိသူများ၊ CDM လှုပ်ရှားမှုတွင် ပါဝင်သည့်
နိုင်ငံ့ဝန်ထမ်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးထိန်းသိမ်းနေခြင်းဖြစ်ကြောင်း
သိရသည်။
.
No comments:
Post a Comment