ကမ္ဘောဇတိုင်း
.
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက တာဝန်များ
ပြီးဆုံး ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ (Facebook) မှတစ်ဆင့် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်၊
ညနေပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
.
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန အနေဖြင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်က
စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်များတွင်
ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ တာဝန် ထမ်းဆောင်ခဲ့ကြသော ဝန်ကြီးဌာန မိသားစုများ ကို
အထူးကျေးဇူး တင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ရေးသားထားသည်။
.
ထို့အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပါအဝင် ပြည်ထောင်စု
ဝန်ကြီးများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ အနားယူပြီး အချို့ကို
ထိန်းသိမ်းထားကြောင်း သိရသည်။
.
#KBZTai
#Shan #News
.