ကမ္ဘောဇတိုင်း
.
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာ ရယူပြီး နိုင်ငံတော်အား
အရေးပေါ်အခြေအနေ ကြေညာခဲ့သည်ဟု ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်၊ နံနက်ပိုင်းတွင် တပ်မတော်ပိုင်
မြဝတီ ရုပ်သံလိုင်းက ထုတ်ပြန်ခဲ့သည်။
.
.
မဲစာရင်းများကို
စစ်ဆေးပြီးလိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန်အတွက် နိုင်ငံတော်၏
ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာအရပ်ရပ်ကို
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အပ်နှံလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ယင်းကဲ့သို့ အာဏာရယူမှုနှင့်အတူ ပြည်တွင်းရှိ ဆက်သွယ်ရေးဖုန်းလိုင်းအချို့အားလည်း
ဖြတ်တောက်ထားပြီး နိုင်ငံတော်အကြီးအကဲအချို့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊
NLD ပါတီဝင်အချို့တို့ကို တပ်မတော်က ထိန်းသိမ်းထားကြောင်း သိရသည်။
.
ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈၊ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား
အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့်နယ်မြေသည်
နိုင်ငံတဝှမ်းလုံးဖြစ်ကြောင်းနှင့် အရေးပေါ်အခြေအနေအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ
၄၁၇ အရ အမိန့်ထုတ်ပြန်သည့်နေ့မှစ၍ (၁) နှစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
.
#KBZTai #Shan #News
.