ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် ယမန်နေ့ ဖေဖော်ဝါရီလ
၄ ရက်၊ ညပိုင်းက တပ်မတော်သား မောင်းနှင်လာသော မော်တော်ယာဉ် တိမ်းမှောက်ကာ ယာဉ်မောင်းဖြစ်သူ
သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.တပ်မတော်သား မောင်းနှင်သော မော်တော်ယာဉ်သည် ဖေဖော်ဝါရီလ
၄ ရက်၊ ညပိုင်းက အေးသာယာဂေါက်ကွင်းအနီးတွင် မောင်းနှင်နေစဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ကာ
ယာဉ်မောင်းဖြစ်သူ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ရုပ်အလောင်းကို အမှတ် (၂) စစ်မြေပြင်
ဆေးတပ်ရင်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ
ယာဉ်မောင်းကို အေးသာယာ နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄(က) အရ အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.