□ အောင်ကျော်မိုး(တာလေ)
.
တာလေမြို့တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်၊ ညနေပိုင်းက ကားနှင့် ဆိုင်ကယ် အရှိန်ပြင်းစွာ တိုက်မိရာမှ ဆိုင်ကယ် မောင်းလာသည့် အမျိုးသားမှာ နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
.
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၃ ရက်၊ ညနေပိုင်းတွင် တာလေမြို့ဝင် ဆိုင်းဘုတ် အနီး၌ တာချီလိတ်ဘက်မှ မောင်းနှင်လာသည့် ကားနှင့် တာလေဘက်မှ မောင်းနှင်လာသည့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယာဥ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ အမျိုးသားမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကာ ကားမှာ လမ်းဘေးတွင် တိမ်းမှောက်ခဲ့သော်လည်း ယာဥ်မောင်းတွင် မစိုးရိမ်ရ ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြောင်း သိရသည်။
.
သေဆုံးသူ ဆိုင်ကယ်သမား၏ ရုပ်အလောင်းကို တာလေတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး ယာဉ်တိုက်မှုနှင့် ပတ်သက်၍ တာလေနယ်မြေရဲစခန်းမှ ဥပဒေအရအမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။