ကလောမြို့နယ် သာမိုင်းခမ်းချောင်းအတွင်း ဆီဘောက်ဆာယာဉ်တစ်စီး ထိုးကျတိမ်းမှောက်ပြီး ၂ ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကလောမြို့နယ် သာမိုင်းခမ်းချောင်းအတွင်း ဆီဘောက်ဆာယာဉ်တစ်စီး ထိုးကျတိမ်းမှောက်ပြီး ၂ ဦး သေဆုံး

ကမ္ဘောဇတိုင်း

.

ကလောမြို့နယ်၊ ‌တောင်ကြီး-အောင်ပန်းသွားကားလမ်း၊ သာမိုင်းခမ်းချောင်းအတွင်းသို့ ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်၊ နံနက်ပိုင်းက ဆီဘောက်ဆာယာဉ်တစ်စီး လမ်းချော် တိမ်းမှောက်ပြီး ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

.



.

တောင်ကြီး-ကလောသွား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ် ၁၃၀ ကီလိုမီတာ တံတားအနီးတွင် သာစည် ဘက်မှ တောင်ကြီးဘက်သို့ မောင်းနှင်လာသည့် ဆီဘောက်ဆာယာဉ်သည် ဖေဖော်ဝါရီလ ၂၈ ရက်၊ နံနက် ၁၀ နာရီခွဲ ခန့်က လမ်းဘေးရှိ သာမိုင်းခမ်းချောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသူ ၂ ဦးကို မျက်မြင် တွေ့ရှိနေရသော်လည်း ကားပိနေသဖြင့် ဆွဲထုတ်၍ မရသေးကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေ သည့် အောင်ပန်းနာရေးကူညီမှုအသင်းထံက သိရသည်။

.

လက်ရှိတွင် ကလော၊ အောင်ပန်းမှ မီးသတ်တပ်ဖွဲ့များနှင့်  ကြက်ခြေနီတပ်ဖွဲ့ဝင်များလည်းရောက်ရှိနေကာ တိမ်းမှောက်ကားအား ဆယ်ယူရေးနှင့်အလောင်းများ ဖော်ယူသယ်ဆောင်နိုင်ရေး၊ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats