တောင်ကြီး-ဟိုပုံး ပြည်ထောင်စုလမ်းပေါ်၊ တိုးလ်ဂိတ် အနီးရှိ COVID-19 ကျန်းမာရေး စစ်ဆေးရေးဂိတ်ကို ယနေ့ ဖေဖော်ဝါရီလ ၃ ရက်မှ စ၍ ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
.
" (ဂိတ်ရုပ်သိမ်းတာ) ဟုတ်ပါတယ်၊ ဒီနေ့က စပြီး ရုပ်သိမ်းလိုက်တာပါ။ ကျန်တဲ့ဂိတ်တော့ မပါဘူး။"ဟု တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ကျန်းမာရေးစစ်ဆေးရေးဂိတ်မှာ ပြည်နယ်အတွင်းသာ ဖြတ်သန်းသွားလာရသည့် ဂိတ်ဖြစ်၍ မလိုအပ်တော့သဖြင့် ရုပ်သိမ်းရခြင်း ဖြစ်ကြောင်း စေတနာဝန်ထမ်း ဦးဝင်းနိုင်စိုးထံမှ သိရသည်။
.
တောင်ကြီးမြို့နယ်အတွင်း၌ COVID-19 ကျန်းမာရေး စစ်ဆေးရေးဂိတ်များ အဖြစ် တောင်လေးလုံးနှင့် ဟိုပုံးတိုးလ်ဂိတ် အနီးတို့တွင် ဖွင့်လှစ်၍ စေတနာ့ဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများက ကျန်းမာရေး စစ်ဆေးမှုများကို ပြုလုပ်ပေးနေခြင်း ဖြစ်သည်။