အာဏာသိမ်း စစ်ကောင်စီနှင့် တပ်မတော်၏ အကြောင်းအရာများကို အဓိက ထုတ်လွှင့်နေသည့် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ Page ကို ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်တွင် Facebook က ဖယ်ရှားလိုက်ကြောင်း သိရသည်။
.
“ Facebook ၏ ကမ္ဘာလုံးဆိုင်ရာ ကျင့်ဝတ်အဖြစ် တားမြစ်ထားတဲ့ အန္တရာယ်ပြုမှုနှင့် အကြမ်းဖက်မှုတို့ကို တပ်မတော် သတင်းမှန်ပြန်ကြားရေး စာမျက်နှာအနေဖြင့် ထပ်တလဲလဲ ဖောက်ဖျက်မှုများကြောင့် facebook မှ ဖယ်ရှားလိုက်သည်”ဟု Facebook က ထုတ်ပြန်ထားကြောင်း သိရသည်။
.
အာဏာသိမ်းမှု ပြုလုပ်ပြီးနောက် ၂၁ ရက်မြောက်နေ့တွင် ယင်း Page ကို Facebook က ဖယ်ရှားလိုက်ခြင်းဖြစ်ကာ မြန်မာနိုင်ငံ တစ်ဝန်းတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုများကို မြန်မာ ပြည်သူများက ပြုလုပ်နေကြသည်။