ကမ္ဘောဇတိုင်း
.
မြို့တော်တောင်ကြီး၌ ယနေ့ ဖေဖော်ဝါရီလ
၈ ရက်၊ နံနက်ပိုင်းတွင် စစ်အာဏာသိမ်းခြင်း ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဒေသခံပြည်သူ
အင်အား တစ်သိန်းခန့်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.ယင်း ဆန့်ကျင်ရေး လှုပ်ရှားမှုကို တောင်ကြီးမြို့ပေါ်ရှိ
စုရပ်အသီးသီးမှ ဗိုလ်ချုပ်အောင်ဆန်း လမ်းမအတိုင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး (ဒို့အရေး
ဒို့အရေး)၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ် (ပြည်သူ့ဆန္ဒ ပြည်သူ့ဆန္ဒ)၊ တပ်မတော်သားနှင့် ပြည်သူ့ရဲများ
ကျွန်ုပ်တို့ကို (ကာကွယ်ပါ ကာကွယ်ပါ)၊ ထိန်းသိမ်းထားသော ခေါင်းဆောင်များ (အမြန်ဆုံးလွှတ်
အမြန်ဆုံးလွှတ်)၊ အရေးတော်ပုံ (အောင်ရမည် အောင်ရမည်) စသည့် ကြွေးကြော်သံများဖြင့် စီတန်း
လှည့်လည်ခဲ့ကြခြင်းဖြစ်သည်။
.
ထို့အတူ တောင်ကြီးမြို့ပေါ်ရှိ သံဃာအချို့မှလည်း
စစ်အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှု အမှတ်တံဆိပ်ပါ နှာခေါင်းစည်း (Mask) များ တပ်ဆင်၍ ဝိနည်းတော်နှင့်အညီ မြို့အတွင်း
သီးခြားလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
.
တောင်ကြီးမြို့အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ
မြို့/ဒေသ အသီးသီးတွင်လည်း ယနေ့ ဖေဖော်ဝါရီလ ၈ ရက်၊ နံနက်ပိုင်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး
လုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
.