ကမ္ဘောဇတိုင်း
.
တပ်မတော်မှ အာဏာသိမ်းယူခြင်းကို ကန့်ကွက်ကြောင်း 24
State Fighters တောင်ကြီး အဖွဲ့က ထုတ်ပြန် ကြေညာခဲ့သည်ဟု သိရသည်။
.
.
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာ ရယူပြီး
နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာခဲ့သည်ဟု ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်၊
နံနက်ပိုင်းတွင် ကြေညာခဲ့ခြင်းဖြစ်သည်။
.
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်က ကျင်းပပြုလုပ်ခဲ့သော ပါတီစုံဒီမိုကရေစီ
အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက်၍ လွတ်လပ်ပြီး
တရားမျှတမှုမရှိသော ရွေးကောက်ပွဲဖြစ်သည် ဟုဆိုကာ နိုင်ငံတော်ယာယီသမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေ
(၂၀၀၈ ခုနှစ် ) ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာပြီး ပုဒ်မ ၄၁၈၊
ပုဒ်မခွဲ(က)အရ နိုင်ငံတော်၏ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး
အာဏာတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်တာဝန်ပေးလိုက်ကြောင်းဖြင့် ကြေညာခဲ့ခြင်းဖြစ်သည်။
.