ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး
၂၂၂၂၂ လူထုအရေးတော်ပုံ သပိတ်အဖြစ် ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်၊ နံနက်ပိုင်းu လူဦးရေ ၅ သိန်းကျော် ပါဝင်တက်ရောက် ဆန္ဒထုတ်ဖော်ခဲ့သည်ဟု သိရသည်။
.
ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင် ပြည်ထောင်စုလွှတ်တော် ခေါ်ယူရေး၊ ဖမ်းဆီးထိန်းသိမ်းထားသော
နိုင်ငံ့ခေါင်းဆောင်များ ပြန်လည်စေလွှတ်ပေးရေး၊ နိုင်ငံဝန်ထမ်းများ CDM
တွင် ပါဝင်ရေးစသည့် ကြွေးကြော်သံများဖြင့် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းတစ်လျှောက်
ကြွေးကြော်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
.
တပ်မတော်မှ နိုင်ငံတော်အာဏာ သိမ်းယူခဲ့ပြီးနောက် မြန်မာနိုင်ငံ
တစ်ဝှမ်း မြို့နယ်ဒေသ အသီးသီးတွင် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲများ ပြုလုပ်လျက်ရှိရာ
မြို့တော် တောင်ကြီး တွင်လည်း ဖေဖော်ဝါရီလ ၇ ရက်မှ ယနေ့အထိ နေ့စဉ် စစ်အာဏာရှင်
ဆန့်ကျင်ဆန္ဒပြပွဲများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
.