တောင်ကြီးတွင် ညမထွက်ရအမိန့် ထုတ်ပြန်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် ညမထွက်ရအမိန့် ထုတ်ပြန်မည်

ကမ္ဘောဇတိုင်း

.

တောင်ကြီးမြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်သွားရန် ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် ထံက သိရသည်။

.

.

“ညမထွက်ရ ပုဒ်မ ၁၄၄ ထုတ်ဖို့ရှိပါတယ်” ဟု တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

လက်ရှိတွင် တောင်ကြီးမြို့နယ်၌ ညမထွက်ရအမိန့်စာ တရားဝင် ထွက်ရှိလာခြင်း မရှိသေးသော် လည်း ညစဉ် ည ၈ နာရီမှ နံနက် ၄ နာရီအထိ ထုတ်ပြန်မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ် နေခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်တွင် ယနေ့ ဖေဖော်ဝါရီလ ၈ ရက်မှ စတင်၍ ညမထွက်ရအမိန့် ထုတ်ပြန်ထားကြောင်း သိရသည်။

.

တပ်မတော် အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် တောင်ကြီးအပါအဝင် မြန်မာ နိုင်ငံတစ်ဝှမ်းရှိ မြို့နယ် ဒေသအသီးသီးတွင် ညစဉ် ည ၈ နာရီ၌ သံပုံးတီးခြင်း၊ ဆိုင်ကယ်၊ ကားများဖြင့် မြို့တွင်းလှည့်လည် ဟွန်းတီးများကို ပြုလုပ်နေကြခြင်းဖြစ်ကြောင်း သိရသည်။

.


Journal Download

Photo of three cats