ကမ္ဘောဇတိုင်း
.
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင်
ဇန်နဝါရီလ ၄ ရက်၊ နေ့လယ်ပိုင်းက ငွေကျပ် ၁ ဒသမ ၁ ဘီလီယံ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၄ ရက်၊ နေ့လယ်ပိုင်းက ရွာငံမြို့နယ်၊
ရွာငံ-ကျောက်ဆည် သွားကားလမ်း၊ ကျောက်ဂူပြင်ကျေးရွာ အနီးတွင် စောင့်ဆိုင်းနေစဉ်
ကြိုတင်သတင်းရထားသော စိုင်းမြင့်ဆန်း(ခ) အိုက်ကျွတ် မောင်းနှင်ပြီး ချမ်းသာ
လိုက်ပါ လာသည့် ၁၂ ဘီး ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်၏နောက်ဘော်ဒီ အရှေ့ပိုင်းတွင်
အံဝှက်ပြုလုပ်၍ ထည့်သွင်း သယ်ဆောင် လာသည့် ဆာလာအိတ်များအတွင်းမှ ဘိန်းဖြူ ၁၂ ဒသမ ၅၄
ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀၀ ပြားတို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
.
ထို့နောက် စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေပိုင်းတွင်
နောင်ချိုမြို့နယ်၊ မိုင်တိုင်အမှတ်(၈၀/၄)အနီး၌ မူးယစ်ဆေးဝါးများသယ်ဆောင်ခိုင်းသူ
စိန်ရွှေ နှင့် ရန်ကြားစင် တို့အား မော်တော်ဆိုင်ကယ် တစ်စီးနှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့
ပြီး ယင်းမူးယစ်ဆေးဝါးများကို မိုင်းရယ်မြို့နယ်မှ မန္တလေးမြို့သို့ ပို့ဆောင်ရန် သယ်ဆောင်လာခြင်း
ဖြစ်ကြေငာ်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍
သယ်ဆောင်လာသူနှင့် စေခိုင်းသူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့်
အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်ဖမ်းဆီး ရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.
No comments:
Post a Comment