ရွာငံမြို့နယ်တွင် အစ်ကိုအရင်းမှ အရွယ်မရောက်သေးသည့် ညီမအား ခြိမ်းခြောက်အဓမ္မပြုကျင့်မှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွာငံမြို့နယ်တွင် အစ်ကိုအရင်းမှ အရွယ်မရောက်သေးသည့် ညီမအား ခြိမ်းခြောက်အဓမ္မပြုကျင့်မှုဖြစ်ပွား

ခွန်သန်းအောင်

.

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ကိုးဆူကျောင်းကျေးရွာတွင် အစ်ကိုအရင်းမှ အရွယ်မရောက်သေးသည့် ညီမအား အလိုမတူဘဲ ခြိမ်းခြောက်အဓမ္မပြုကျင့်ပြီး ကိုယ်ဝန်ရရှိစေသဖြင့် ကျူးလွန်သူအား အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

.

.

ရွာငံမြို့နယ်၊ ကိုးဆူကျေးရွာနေ အသက် ၁၇ နှစ်အရွယ် နဝမတန်း ကျောင်းသူတစ်ဦးတွင် ဝမ်းဗိုက်စူထွက်လာနေ သည်ကို တွေ့ရ သဖြင့် ဇန်နဝါရီလ ၂၁ ရက်၊ ညနေပိုင်းက မိခင်ဖြစ်သူမှ စစ်ဆေးမေးမြန်းရာ အသက် ၂၅ နှစ်အရွယ် ၎င်း၏ အစ်ကို အရင်းဖြစ်သူမှ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်၊ နေ့လယ်ပိုင်းက မိခင်ဖြစ်သူ မရှိခိုက် အလိုမတူဘဲ အဓမ္မ ပြုကျင့်ခဲ့ ကြောင်းနှင့် ၎င်း စတုတ္ထတန်းကျောင်းသူအရွယ်မှ စတင်၍ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ပြီး တစ်ပတ်လျှင် တစ်ကြိမ်ခန့် ပြုကျင့်လေ့ရှိကြောင်း၊ မည်သူ့ကိုမျှ မပြောရန် ခြိမ်းခြောက်ထားကြောင်း သိရသဖြင့် ဆီးစစ်ခဲ့ရာ ကိုယ်ဝန်ရှိနေကြာင်း သိရပြီး ရဲစခန်းသို့ တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ အရွယ်မရောက်သေးသည့် ညီမအား ခြိမ်းခြောက်အဓမ္မပြုကျင့်ခဲ့သူကို ရွာငံမြို့မရဲစခန်းတွင်  (ပ)၂၁/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖြင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.


Journal Download

Photo of three cats