ကမ္ဘောဇတိုင်း
.
လားရှိုးမြို့ရှိ We Love Lahio စာတမ်း အလှဆင်မီးအား ဖျက်ဆီးသူတစ်ဦးကို ဇန်နဝါရီလ ၂၇ ရက်၊ ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
.
လားရှိုးမြို့၊ ရန်ကြီးအောင်ဘုရားအနီးရှိ မြို့နယ်စည်ပင်သာယာရေးဌာနမှ ပြုလုပ်ထားသော
We Love Lashio စာတမ်း အလှဆင်
LED မီးများအနက် “A” စာလုံးအား ဇန်နဝါရီလ
၂၇ ရက်၊ ညနေ ၄ နာရီခွဲခန့်က အမည်မသိသူတစ်ဦးမှ ဖျက်ဆီး သွားသဖြင့် လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနမှ
လားရှိုးမြို့မရဲစခန်းသို့ ယင်းနေ့ ညပိုင်းက အမှုဖွင့် တိုင်တန်း ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ယင်းကဲ့သို့ တိုင်ကြားမှုနှင့် ပတ်သက်၍ လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှူး၏ စီမံညွှန်ကြားမှု၊
လားရှိုးမြို့မရဲစခန်းမှူး၏ အနီးကပ် ကြီးကြပ်မှုဖြင့် လားရှိုးမြို့မရဲစခန်း တပ်ဖွဲ့ဝင်များမှ
သက်သေများနှင့်အတူ CCTV မှတ်တမ်းဖြင့်
လိုက်လံစုံစမ်း ရှာဖွေ ခဲ့ရာ ကျုးလွန်သူ လားရှိုးမြို့နယ်၊ မိုင်အိုင်ကျေးရွာအုပ်စု၊
နမ့်ကျန်းကျေးရွာနေ အိုက်နိုင် ဆိုသူအား ယင်းနေ့ည ၁၁ နာရီအချိန်က လားရှိုးမြို့၊ ရပ်ကွက်
(၂)၊ မြန်မာ့စီးပွားရေးဘဏ်အနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အလှဆင်မီး စားလုံးအား ဖျက်ဆီးသူ အိုက်နိုင်ကို လားရှိုးမြို့မရဲစခန်းတွင်
(ပ)၂၅/၂၀၂၁၊ ပြည်သူပိုင်ပစ္စည်း ပုဒ်မ ၆(၁) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.