□ ခွန်သန်းအောင်/မင်းဇော်မင်း
.
ကလောမြို့အ၀င် စစ်ဆေးရေးဂိတ်တွင် ဇန်န၀ါရီလ ၃ ရက်၊ ညဦးပိုင်းက လိုင်စင်မဲ့ယာဉ် ၂ စီးကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
.
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၃ ရက်၊ ညနေ ၆ နာရီ ၅၀ မိနစ်ခန့်တွင် ကလောမြို့အ၀င် ဌာနဆိုင်ရာပူးပေါင်း စစ်ဆေးရေးဂိတ်တွင် မြ၀တီမြို့၊ အမှတ်(၄)ရပ်ကွက်နေ ညီညီရဲမင်း မောင်းနှင်လာသည့် ယာဉ်နှင့် ည ၇ နာရီခွဲတွင် မော်လမြိုင်မြို့၊ ဒိုင်းဝန်းကွင်းရပ်ကွက်နေ ဉာဏ်လင်းထက် မောင်းနှင်လာသည့် ယာဉ်တို့မှာ လိုင်စင် မရှိသော ယာဉ်များ ဖြစ်နေကြောင်း စိစစ်တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ လိုင်စင်မဲ့ ယာဉ်များနှင့်အတူ ဖမ်းဆီးမိသူများအား ပို့ကုန်/သွင်းကုန် ဥပဒေ ပုဒ်မ ၈ ဖြင့် အမှု ဖွင့်လှစ်ကာ ကလောမြို့မရဲစခန်းတွင် ဖမ်းဆီးအရေးယူထားခြင်း ဖြစ်ကြောင်း သိရသည်။