ကမ္ဘောဇဘဏ် နာယက ဝဏ္ဏကျော်ထင်၊ စည်သူ ဦးအောင်ကိုဝင်းအား နိုင်ငံတော်မှ "သရေစည်သူ" ဘွဲ့တံဆိပ် ဂုဏ်ပြုချီးမြှင့်ပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကမ္ဘောဇဘဏ် နာယက ဝဏ္ဏကျော်ထင်၊ စည်သူ ဦးအောင်ကိုဝင်းအား နိုင်ငံတော်မှ "သရေစည်သူ" ဘွဲ့တံဆိပ် ဂုဏ်ပြုချီးမြှင့်ပေးအပ်

ကမ္ဘောဇတိုင်း

.

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ၂၀၂၁ ခုနှစ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သဘင်ဆောင်တွင် ယနေ့ ဇန်နဝါရီလ ၄ ရက် နံနက် ၉ နာရီက ကျင်းပခဲ့‌ ကြောင်းသိရသည်။

.

.

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ သမ္မတများဖြစ်ကြသော ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူ၊ 

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှို င်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

.

အခမ်းအနားတွင်  နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ကမ္ဘောဇဘဏ်နာယက ဝဏ္ဏကျော်ထင်၊ စည်သူ ဦးအောင်ကိုဝင်းအား "သရေစည်သူဘွဲ့"ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အခြား ဘွဲ့တံဆိပ် အသီးသီးရရှိသူများကိုလည် နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော် အကြီးအကဲများက ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များ ပေးအပ် ချီးမြှင့်ပေးခဲ့ ကြောင်းသိရသည်။

.

ဦးအောင်ကိုဝင်း အားပေးအပ်ချီးမြှင့်ခြင်းခံရသော "သရေစည်သူ" ဘွဲ့သည်  နိုင်ငံတော်နှင့် ပြည်သူအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ချက်ရှိသော အရပ်ဘက်နှင့် တပ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်ကိုသာ ရွေးချယ်ချီးမြှင့်သော "ပြည်ထောင်စု စည်သူသင်္ဂဟ ဂုဏ်ထူးဆောင်ဘွဲ့" ဖြစ်ကြောင်းသိရသည်။ 

.

ဦးအောင်ကိုဝင်းသည် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာတာဝန်ကို  "ပထမ" နေရာမှ ဝင်ငွေခွန် အများဆုံး (၈) ထပ်ကွမ်း ထမ်းဆောင်ခဲ့ခြင်း၊ နိုင်ငံတော်နှင့် ပြည်သူအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်  လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာဒေသမရွေးဘဲ ကျပ်ငွေ (၁၈၀) ဘီလီယံကျော်အထိ သဒ္ဓါထက်သန်စွာ လှူဒါန်းခဲ့ခြင်းစသည်တို့ကြောင့် မြန်မာနိုင်ငံသမိုင်းတွင် အရပ်ဘက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအနက် ပထမဆုံးနှင့် အမြင့်ဆုံးဖြစ်သည့်"သရေစည်သူဘွဲ့"ကို ချီးမြှင့်ခံရခြင်းဖြစ်ပါသည်။

.


Journal Download

Photo of three cats