ဦးအောင်ကိုဝင်းအား ပြည်ထောင်စု စည်သူသင်္ဂဟဂုဏ်ထူးဆောင် “သရေစည်သူဘွဲ့” ပေးအပ်ချီးမြှင့်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဦးအောင်ကိုဝင်းအား ပြည်ထောင်စု စည်သူသင်္ဂဟဂုဏ်ထူးဆောင် “သရေစည်သူဘွဲ့” ပေးအပ်ချီးမြှင့်မည်


အခွန်ထမ်းဆောင်မှုနှင့် နိုင်ငံ၏ အရေးကြီး ကိစ္စရပ်များတွင် လှူဒါန်းမှုများ ဆောင်ရွက်ခဲ့သည့် ကမ္ဘောဇအုပ်စု နာယက ဦးအောင်ကိုဝင်းအား နိုင်ငံတော်သမ္မတက ပြည်ထောင်စု စည်သူသင်္ဂဟ ဂုဏ်ထူးဆောင် သရေစည်သူဘွဲ့ပေးအပ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ သရေစည်သူဘွဲ့ကို လာမည့် ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့)တွင် သမ္မတ ဦးဝင်းမြင့်က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပေးအပ်ချီးမြင့်သွားမည် ဖြစ်ကြောင်း သိရသည်။

.

ဦးအောင်ကိုဝင်း ဦးဆောင်သော ကမ္ဘောဇအုပ်စုသည် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာတာဝန်ကို ပထမ နေရာမှ ဝင်ငွေခွန် အများဆုံး ၈ ကြိမ်ဆက် ထမ်းဆောင်ခဲ့ပြီး၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာဒေသ မရွေး နိုင်ငံတော်နှင့် ပြည်သူအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျပ်ငွေ ၁၈ဝ ဘီလီယံကျော် လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

.

နိုင်ငံတော်မှ ဦးအောင်ကိုဝင်းအား ပေးအပ်ချီးမြှင့်မည့် သရေစည်သူဘွဲ့သည် မြန်မာနိုင်ငံအရပ်ဘက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ အနက် ပထမဆုံးနှင့် အမြင့်ဆုံး ပေးအပ်ချီးမြှင့်ခဲ့သော ပြည်ထောင်စု စည်သူသင်္ဂဟ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်ကြောင်း သိရသည်။

.

ယင်းကဲ့သို့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ခံသူများ စာရင်းတွင် သရေစည်သူဘွဲ့အတွက် ၁ ဦး၊ သီဟသူရဘွဲ့အတွက် ၁ ဦး၊ သူရဘွဲ့အတွက် ၃ ဦး၊ ဇေယျကျော်ထင်ဘွဲ့အတွက် ၁၁ ဦး၊ အလင်္ကာကျော်စွာဘွဲ့အတွက် ၁ ဦး၊ သိပ္ပကျော်စွာဘွဲ့အတွက် ၄ ဦး စသည်ဖြင့် ပါဝင်ကြောင်း သိရသည်။

.

Journal Download

Photo of three cats