ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ယနေ့ ဇန်နဝါရီလ
၃၀ ရက်၊ နံနက်ပိုင်းက လွင်ဦးထွေး (A to Z) ဆိုင်ခွဲ ဖွင့်လှစ်ခဲ့သည်ဟု
သိရသည်။
.
ဖွင့်ပွဲကို ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းနှင့်
တာဝန်ရှိသူများက တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန်အတွက် ငွေကျပ် သိန်း
၁၀၀ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
.
“ဆိုင်ခွဲဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ ဆိုင်၂ လရောင်းရငွေရဲ့
အမြတ်ရာခိုင်နှုန်းတချို့ကို ရှမ်းပြည်နယ်မှာ COVID-19 ကာကွယ်ရေးလုပ်ငန်းတွေမှာ
အသုံးပြုဖို့ လှူဒါန်းဖြစ်ခဲ့ပါတယ်။ လူသားအားလုံး ကပ်ရောဂါကို မြန်မြန် ဆန်ဆန် ကျော်လွှားနိုင်ပါစေလို့
ဆုတောင်းပေးပါတယ်” ဟု လွင်ဦးထွေး ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးနန္ဒာလွင်ဦးက ပြောသည်။
.
လွင်ဦးထွေးကုမ္ပဏီလီမီတက်ကို ၂၀၁၀ ခုနှစ်က
စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရုံးချုပ် ၂ ခု၊ A to Z ဆိုင်ခွဲ ၆ ဆိုင် ဖွင့်လှစ်ထားပြီး ဝန်ထမ်းအင်အား
၄၀၀ ခန့်ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.