အောင်ဆန်းဝင်း
.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)
တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှု အောင်မြင်
လိမ့်မည်ဟု မျှော်လင့်ကြောင်း တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) ဗဟို ဒုတိယဥက္ကဋ္ဌ ဦးညီစိန်က ပြောဆို ခဲ့သည်။
.
.အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဗဟိုကော်မတီဝင်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို ဦးဆောင်သော
NLD တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသားပါတီများမှ
ကိုယ်စား လှယ်များ ယနေ့ ဇန်နဝါရီလ ၁၃ ရက်က တောင်ကြီးမြို့ရှိ NLD ပါတီ ရှမ်းပြည်နယ်ရုံးတွင် တွေ့ဆုံဆွေးနွေးနေခြင်း ဖြစ်ပြီး ဆွေးနွေးပွဲ မစတင်မီတွင်
ဦးညီစိန်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
“ကျွန်တော်တို့ရဲ့ အန္တိမ ရည်မှန်းချက်ကတော့ အနာဂတ်
ဖက်ဒရယ်နိုင်ငံတော် ပေါ်ထွန်းဖို့ရယ်၊ ငြိမ်းချမ်းရေး၊ တန်းတူ အခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်
ရရှိရေးအတွက် ရည်မှန်းထားပါတယ်။ တွေ့ဆုံမှုကတော့ အောင်မြင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
NLD ဦးဆောင်မှုအောက်ကနေ ကျွန်တော်တို့ တိုင်းရင်းသားတွေတစ်ရပ်လုံး
ပါဝင်လာနိုင်ဖို့ မျှော်မှန်းထားပါတယ်” ဟု တအာင်း (ပလောင်) ဦးညီစိန်က မီဒီယာများ သို့
ပြောသည်။
.
TNP ပါတီနှင့် မတွေ့ဆုံမီတွင် NLD ကိုယ်စားလှယ်အဖွဲ့သည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) ပါတီမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကာ တွေ့ဆုံဆွေးနွေးမှု
အဆင်ပြေကြောင်း PNO ဥက္ကဋ္ဌ ဦးခွန်စံလွင်က ပြောဆိုထားသည်။
.