တာလေ၌ နှစ်သစ်ကူးကာလ ရိုးရာယဉ်ကျေးမှုဓလေ့ လက်ဆေးမင်္ဂလာပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာလေ၌ နှစ်သစ်ကူးကာလ ရိုးရာယဉ်ကျေးမှုဓလေ့ လက်ဆေးမင်္ဂလာပြုလုပ်

အောင်ကျော်မိုး (တာလေ)

.

တာချီလိတ်ခရိုင် တာလေမြို့တွင် ၂၀၂၁ ခုနှစ် နှစ်သစ်ကူးကာလ  ဒေသအတွင်းရှိကျေးရွာအချို့မှလားဟူတိုင်းရင်းသား များသည် ရိုးရာယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်သည့် လက်ဆေးမင်္ဂလာပြုခြင်းကို ဒေသအတွင်းလှည့်လည်ကျင်းပကြရာ ဇန်နဝါရီ ၄ ရက်တွင်လည်း တာလေမြို့တွင်း၌ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

.

.

နှစ်ဟောင်းကုန်ဆုံး၍  နှစ်သစ်ကူးပြောင်းသည့် နှစ်သစ်ကူးကာလတွင် သက်ကြီးဘိုးဘွား ၊ ဆရာသမားများနှင့် ဒေသတွင်းရှိ ခေါင်းဆောင် အကြီးအကဲများအား နှစ်သစ်တွင် ကျန်းမာချမ်းသာခြင်းကိုရရှိစေလိုကြောင်း လားဟူတိုင်းရင်းသားများက အရိုအသေဂါရဝပြုသည့် အနေဖြင့် ၎င်းတို့၏ ရိုးရာဓလေ့တစ်ခုဖြစ်သည့် လက်ဆေးခြင်းမင်္ဂလာ ကိုပြုခြင်းဖြစ်ကြောင်း သိရသည်။

.

ယင်းသို့ ကျင်းပရာတွင် လားဟူတိုင်းရင်းသားလူမျိုးများ ၏ မူလပထမ ကိုးကွယ်ယုံကြည်မှု၊ ဘာသာသာသနာ ဖွံ့ဖြိုးတိုးတက်စေရန်၊ ၎င်းတို့၏ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သည့် လက်ဆေးမင်္ဂလာပြုခြင်းရိုးရာဓလေ့ကို မျိုးဆက်သစ် လူငယ်မောင်မယ်များက မပျောက်မပျက်အောင် လက်ဆင့်ကမ်းဆက်လက် ထိန်းသိမ်းတတ်စေရန်နှင့် လေးစားဂုဏ်ယူတတ်စေရန်၊ အနယ်နယ်အရပ်ရပ်သို့ ရောက်ရှိနေထိုင်ကြသည့် လားဟူတိုင်းရင်းသားများက နှစ်သစ်ကူးကာလတွင် သက်ကြီးဘိုးဘွား၊ ဆရာသမားများနှင့် ခေါင်းဆောင် အကြီးအကဲများအား နှစ်သစ်တွင် ကျန်းမာချမ်းသာ ခြင်းကိုရရှိစေလိုကြောင်း အရိုအသေဂါရဝပြုခြင်းနှင့် လက်ဆေးမင်္ဂလာပြုခြင်းကို တွေ့ရှိစေပြီး မိမိတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့များကိုတန်ဖိုးထားလေးစားဂုဏ်ယူတတ်စေရန် ရည်ရွယ်၍ လှည့်လည်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

.



Journal Download

Photo of three cats