သီပေါသား သန်းပိုင်ကို ရှမ်းယူနိုက်တက် ၂ နှစ် စာချုပ်ဖြင့် ခေါ်ယူ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သီပေါသား သန်းပိုင်ကို ရှမ်းယူနိုက်တက် ၂ နှစ် စာချုပ်ဖြင့် ခေါ်ယူ

ရှမ်းပြည်နယ်၊ သီပေါမြို့ဇာတိ ဖြစ်သည့် မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး သန်းပိုင်ကို ၂ နှစ် စာချုပ်ဖြင့် ခေါ်ယူခဲ့ကြောင်း ဇန်နဝါရီလ ၁၅ ရက်တွင် ရှမ်းယူနိုက်တက်က ထုတ်ပြန်ခဲ့သည်။

.

 

သန်းပိုင်သည် ပြီးခဲ့သော ဘောလုံးရာသီက ရန်ကုန်ယူနိုက်တက်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် ရှမ်းအသင်းက ခေါ်ယူခဲ့ခြင်း ဖြစ်ကာ ယင်းကဲ့သို့ ခေါ်ယူမှုအတွက် ရှမ်းပြည်နယ်ကွင်းတွင် ရှမ်းအသင်းအင်္ကျီ ဝတ်၍ ပရိသတ်နှင့် အတူ ရှိမည့်နေ့ကို မျှော်နေကြောင်း ပြောဆိုခဲ့သည်။

.

ကျွန်တော်က ရှမ်းပြည်သားပါ၊ ပြည်နယ်အသင်းအတွက် တစ်ချိန်မှာ ကိုယ်စားပြု ကစားခွင့်ရမယ်လို့ တွေးခဲ့ဖူးတာ အခုတော့ ပြည့်စုံသွားပါပြီ။ ကျွန်တော့်အမေက ရှမ်းလူမျိုးပါ။ အမေက ကျွန်တော့်ကို ပြည်နယ်အသင်းမှာ အရမ်း ကစားစေချင်တာပါ။ အခုတော့ အမေ ပျော်နေပါပြီ။ ကျွန်တော် ကိုယ်တိုင်ကလည်း စိန်ခေါ်မှု အသစ်တွေ လိုချင်တယ်၊ ရှမ်းအသင်းမှာ ကစားရင်း ကျွန်တော့် အနာဂတ်ကို ပိုကောင်းအောင် လုပ်နိုင်မယ်လို့ ယုံတယ်”ဟု သန်းပိုင်က ပြောသည်။

.

လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ အပြင် ၂၀၂၁ အေအက်ဖ်စီ ချန်ပီယံလိဂ်ပြိုင်ပွဲနှင့် ရှုံးထွက်ပြိုင်ပွဲတို့ကိုပါဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

.

Journal Download

Photo of three cats