တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းအတွင်း စုပေါင်းအမှိုက်ကောက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းအတွင်း စုပေါင်းအမှိုက်ကောက်

အောင်ဆန်းဝင်း

.

တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းအတွင်း ယနေ့ ဇန်နဝါရီလ ၃၁ ရက်၊ နံနက်ပိုင်းက ဒေသခံ အရပ်ဘက်အဖွဲ့အစည်း များနှင့် စေတနာ့ဝန်ထမ်းများ စုပေါင်း၍ အမှိုက်ကောက်ခဲ့ကြကြောင်း သိရသည်။

.

.

အဝေရာမီးပုံးပျံကွင်းအတွင်း နေ့စဉ် အားကစားလုပ်သူများ၊ ယာဉ်အမောင်းသင်သူများဖြင့် စည်ကားနေပြီး အမှိုက် များပြားနေသည့်အတွက် ယင်းကဲ့သို့ စုပေါင်း အမှိုက်ကောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ စုပေါင်းအမှိုက်ကောက်ခြင်းကို ရှင်သန်ကမ္ဘာမြေအစိမ်းရောင်ကွန်ရက်၊ ရှမ်းတောင် ပရဟိတညီနောင်များ ကွန်ရက်၊ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ၊ မွှေးတောင်ကြီးကုမ္ပဏီနှင့် စည်ပင် သာယာရေးဌာနတို့ ပူးပေါင်း‌ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats