တောင်ကြီး-မိုင်းပျဉ်းသွား ကားလမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး-မိုင်းပျဉ်းသွား ကားလမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

ကမ္ဘောဇတိုင်း

.

တောင်ကြီးမြို့နယ်၊ တောင်ကြီး-မိုင်းပျဉ်းသွား ကားလမ်းတွင် ဇန်နဝါရီလ ၃ ရက်၊ ညနေပိုင်းက စိတ်ကြွရူးသွပ် ဆေးပြားများအား သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

တောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ ဇန်နဝါရီလ ၃ ရက်၊ ညနေ ၅ နာရီခွဲအချိန်တွင် သက်သေများနှင့်အတူ တောင်ကြီးမြို့နယ်၊ တောင်ကြီး-မိုင်းပျဉ်း သွားကားလမ်းတွင် မိုင်းပျဉ်းဘက်မှ တောင်ကြီး မြို့ဘက်သို့ ရွှေညောင်မြို့၊ ရွှေဘုံသာရပ်ကွက်နေ ချစ်မင်းထွေး စီးနင်းမောင်းနှင်လာသည့်မော်တော် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းဝတ်ဆင်ထားသော အင်္ကျီအိတ်ကပ်အတွင်းမှ ပလတ်စတစ် ကပ်ခွာအိတ် များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား၊ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၀ သိန်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သယ်ဆောင်လာသူအား တောင်ကြီးနယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

.



Journal Download

Photo of three cats