■ တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ သက်တမ်းရင့် ကသစ်ပင် ကျိုးကျ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

■ တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ သက်တမ်းရင့် ကသစ်ပင် ကျိုးကျ

စုလှိုင်

.

တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ နှင်းဆီလမ်းရှိ သက်တမ်းရင့် ကသစ်ပင်ကြီးသည် ယနေ့ ဇန်နဝါရီလ ၁၇ ရက်၊ နေ့လယ်ပိုင်းက ကျိုးကျပျက်စီးခဲ့ကြောင်း သိရသည်။

.

.

“နေ့လယ် ၂ နာရီလောက်က ကျိုးကျတာပါ။ လူရော၊ ကားရော ထိခိုက်တာ မရှိပါဘူး။ ဓါတ်ကြိုးတွေ၊ ဖုန်းကြိုး တွေတော့ ပြတ်တာပေါ့။ အခုတော့ ရှင်းလင်းရေး လုပ်နေပါတယ်” ဟု တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးပေါ်ဆန်းဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ သက်တမ်းရင့် ကသစ်ပင်ကြီးသည် ကျိုးကျမည့် အန္တရာယ်ရှိနေသဖြင့် ဖယ်ရှားရှင်းလင်းပေးရန် ဒေသခံများမှ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းက သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားစာ ပေးပို့ခဲ့သော်လည်း စည်ပင်သာယာရေး ဌာနနှင့် ဆောက်လုပ်ရေးဌာနတို့မှ လာရောက်ကွင်းဆင်းကြည့်ရှုပေးခြင်း မရှိသည့်အပြင် ခုတ်ယူရှင်းလင်းရန်အတွက် ပြင်ပမှ သစ်ခုတ်အဖွဲ့များထံ အပ်နှံရာတွင်လည်း ကုန်ကျစရိတ် ၁၈ သိန်းခန့် ရှိမည်ဖြစ်သဖြင့် ဒေသခံများမှ ငွေကြေး မတတ်နိုင်သဖြင့် ခုတ်ယူရှင်းလင်းနိုင်မှု မရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ယင်း ကသစ်ပင်ကြီးသည် နှစ်ပေါင်း ၁၅၀ ကျော် သက်တမ်းရှိနေပြီဖြစ်ပြီး လက်ရှိတွင် အမြစ်များ သေဆုံး၍ အကိုင်းများ ခြောက်သွေ့ကာ အလိုလို ဆွေးမြေ့ကျိုးကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats