အောင်ဆန်းဝင်း၊ ခွန်သန်းအောင်
.
တောင်ကြီးမြို့၊ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးဝင်းတွင်
ယနေ့ ဇန်နဝါရီလ ၆ ရက်၊ နံနက်ပိုင်းက ၂၀၁၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်
တောင်ကြီးမြို့နယ်အတွင်း၌ အသုံးပြုခဲ့သော ဆန္ဒမဲလက်မှတ် အဟောင်းများနှင့် မဲစာရင်း
များကို မီးရှို့ဖျက်ဆီးလျက်ရှိသည်ဟု သိရသည်။
.
.“တောင်ကြီးမြို့နယ် တစ်ခုထဲက ၂၀၁၅ ရွေးကောက်ပွဲမှာ
အသုံးပြုခဲ့တဲ့ ဆန္ဒမဲလက်မှတ်တွေနဲ့ မဲစာရင်း အဟောင်း တွေပါ။ မဲအိတ်ပေါင်းကတော့ တော်တော်များပါတယ်”
ဟု တောင်ကြီးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်စိုးက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ထို့အတူ တောင်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ
အတွင်းရေးမှူး ဦးကျော်သူရကလည်း “မဲအိတ်ပေါင်း ကတော့ ဘယ်လောက်ဆိုတာ မသိသေးပါဘူး။ အခုထိ
ရှို့နေတုန်းပါပဲ။ မနက်ဖြန်လည်း ဆက်ရှို့မှာပါ” ဟု ပြောဆို ခဲ့သည်။
.
အဆိုပါ မီးရှို့ဖျက်ဆီးရာသို့ တောင်ကြီးမြို့နယ်
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ
ကြီးကြပ်လျက်ရှိကြောင်း သိရသည်။
.
အလားတူ တောင်ကြီးခရိုင်၊ ကလောမြို့နယ်အတွင်းမှ
၂၀၁၅ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် ဆန္ဒမဲလက်မှတ် နှင့် မဲစာရင်းများကိုလည်း ယနေ့
ဇန်နဝါရီလ ၆ ရက်၊ နံနက်ပိုင်းက ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ပင်းတယလမ်း၊ လွယ်မခံကျေးရွာအနီးရှိ
စည်ပင်သာယာအမှိုက်ပုံဟောင်းတွင် မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။
.