စုလှိုင်
.
ရှမ်းပြည်နယ်အကူရဲတပ်ဖွဲ့ခွဲ (သီးသန့်ရဲစခန်းဝင်း)
အား Stay Home သတ်မှတ်ထားမှုကို ယနေ့ ဇန်နဝါရီလ ၂၀ ရက်၊ နေ့လယ်ပိုင်းမှ
စတင်၍ ရုပ်သိမ်းပေးခဲ့ကြောင်း သိရသည်။
.
.“သီးသန့်ဝင်းထဲမှာ ၅ ယောက် Positive ထွက်ခဲ့တာပေါ့။ ၆ ရက်နေ့မှာ Stay Home ချထားတာ ဒီနေ့
၁၄ ရက် ပြည့်တော့ ဖြေပေးလိုက်တာပါ။ ပိုးတွေ့လူနာတွေ ဆေးရုံကဆင်းပြီ။ အခုလောလောဆယ်မှာ
သီးသန့်စခန်းက ပိုးတွေ့ ထပ်ထွက်လာတာ မရှိတော့ဘူး” ဟု တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး
ဒေါက်တာ မိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ရှမ်းပြည်နယ်အကူရဲတပ်ဖွဲ့ခွဲ
(သီးသန့်ရဲစခန်း) တပ်ဖွဲ့ဝင်နှင့် မိသားစုများအား ဇန်နဝါရီလ ၅ ရက်က RDT Test
Kit ဖြင့် COVID-19 ရောဂါပိုး စစ်ဆေးခဲ့ရာ ၅
ဦးတွင် ရောဂါပိုးတွေ့ရှိသည့်အတွက် ဇန်နဝါရီလ ၆ ရက်မှ စတင်၍ အသွားအလာ ကန့်သတ်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အလားတူ COVID-19 ပိုးတွေ့လူနာ
၂၀ ကျော် တွေ့ရှိသည့်အတွက် အသွားအလာ ကန့်သတ်ထားခဲ့သည့် တောင်ကြီးမြို့၊ အမှတ် (၁၈)
ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်းတောင်) ကိုလည်း ဇန်နဝါရီလ ၁၈ ရက်မှ စတင်၍ ကန့်သတ်မှုအား
ဖြေလျှော့ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.