အောင်ဆန်းဝင်း
.
တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ နယ်မြေ (၃)၊ နှင်းဆီလမ်းတွင်
ယနေ့ ဇန်နဝါရီလ ၁၄ ရက်၊ နေ့လယ်ပိုင်းက တောမီး မှတစ်ဆင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.မီးလောင်မှု ဖြစ်ပွားခဲ့သည့် နေအိမ်မှာ အလျား၊ အနံ
၁၀ ပေပတ်လည် သွပ်မိုး၊ ထရံကာ တစ်ထပ်အဆောက်အဦ ဖြစ်ပြီး နေအိမ်တွင် လူမရှိခိုက် တောမီးမှတစ်ဆင့်
မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
“တောမီးကနေ လောင်တာဆိုတော့ အမှုတော့ မဖွင့်ပါဘူး”
ဟု တောင်ကြီးမြို့နယ် မီးသတ်ဦးစီးမှူး ဦးမြင့်သန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်
၂ သောင်းခန့်ရှိပြီး လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှု မရှိကြောင်း သိရသည်။
.