အောင်ဆန်းဝင်း
.
တောင်ကြီးမြို့ အနောက်တောင်ဘက် တောင်စောင်းတွင် တည်ရှိသည့်
မဟာပါသဏ မုံတဝလိုဏ်ဂူတော်သို့ COVID-19 ကာကွယ်၊
ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့် အညီ နေ့စဉ် အပန်းဖြေ လာရောက်လည်ပတ်သူ
အနည်းငယ်ရှိနေကြောင်း သိရသည်။
.
.မဟာပါသဏမုံတဝလိုဏ်ဂူတော်သည် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်နှင့်
အေးသာယာမြို့ကြား မုံတဝရွာ အနီးတွင်တည်ရှိပြီး တောင်ကြီးမြို့ပေါ်မှ
တောလမ်းအတိုင်းလမ်းလျှောက်၍ဖြစ်စေ၊ ကားဆိုင်ကယ်များဖြင့်ဖြစ်စေ သွား ရောက်နိုင်ကြောင်း
သိရသည်။
.
“အိမ်ထဲမှာနေရတာကြာလာတော့ စိတ်အပန်းပြေအောင်လို့
နီးနီးနားနားဖြစ်တဲ့ ဒီမုံတဝလိုဏ်ဂူဘက် မိသားစုနဲ့ လာလည်ကြတာပါ။
မုံတဝဂူဘက်လည်းမရောက်တာကြာပြီ။ ကလေးတွေလည်းရောက်ဖူးအောင်လို့ပါ” ဟု မုံတဝ လိုဏ်ဂူသို့
လာရောက်လည်ပတ်သည့် တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်နေ ကိုထွန်းထွန်းက ပြောသည်။
.
မုံတဝလိုဏ်ဂူတော်သို့လာရောက်လည်ပတ်သူ အများစုသည်
မိသားစုလိုက်ဂူအတွင်းသို့ ဝင်ရောက်လည်ပတ်ရန် အခက်အခဲရှိသဖြင့် ဂူအပြင်ဘက်တွင်သာ
လည်ပတ်စားသောက်၍ အလှဓာတ်ပုံများရိုက်ကူးကြလေ့ရှိကြောင်း သိရ သည်။
.
မဟာပါသဏမုံတဝလိုဏ်ဂူတော်အတွင်း ဘုရားစေတီများဖူးမြော်၍
ဂူအတွင်းဝင်ရောက်လည်ပတ်မည်ဆိုပါက အားကောင်းသည့်လက်နှိပ်ဓာတ်မီးများ
ယူဆောင်သွားရန်လိုအပ်ပြီး အသက်အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေး မကောင်းသူများ ဝင်ရောက်လည်ပတ်ရန်
မသင့်လျော်ကြောင်း သိရသည်။
.