အောင်ဆန်းဝင်း
.
တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၊ ချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး၊
ကူညီကုန်းလမ်းဆုံတွင် ယနေ့ ဇန်နဝါရီလ ၂၃ ရက်၊ နေ့လယ်ပိုင်းက ရေသယ်ယာဉ်တစ်စီး နောက်ပြန်လိမ့်ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
..
နောက်ပြန်လှန်ကျသည့် ရေသယ်ယာဉ်မှာ
အနောက်မြို့ပတ်လမ်း အပိုင်း (၂) အဆင့်မြှင့်တင်ပြုပြင်ခြင်း လုပ်ငန်း ဆောင်ရွက်ရာသို့
ရေပို့ရန် လာရောက်သည့် ရေသယ်ယာဉ်ဖြစ်ကြောင်း သိရသည်။
.
“ကားက ရေအပြည့်နဲ့ ကုန်းတက်ကို တက်လာတာပါ။ ဒီလမ်းက
မတက်ရတဲ့လမ်းဖြစ်တယ်။ အတက်လည်း တော်တော်ကြီးတယ်။ ရေဝိတ်က ဆွဲပြီး နောက်ပြန်လှန်ကျသွားတာပါ”
ဟု ကူညီကုန်းလမ်းဆုံအနီး နေထိုင်သူ တစ်ဦးက ပြောသည်။
.
အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်းနှင့် အခြားသူများ ထိခိုက်ဒဏ်ရာရမှု မရှိဘဲ လက်ရှိတွင် ယာဉ်အား ပြန်လည်ဆွဲတင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.