တောင်ကြီးတွင် တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်မည်

ကိုစိုး (ကမ္ဘောဇတိုင်း)

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် လာမည့် ဇန်နဝါရီလ ၂၀ ရက်၌ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်နေသော တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

.

.

COVID-19 စည်းကမ်းနဲ့အညီ ၂၉ ယောက်နဲ့ သူတို့ခွင့်ပြုတဲ့အတိုင်းပဲ လုပ်မှာပါ။ ရည်ရွယ်ချက်ကတော့ မဲမသမာမှုနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ တပ်မတော်က လက်ရှိ ဆောင်ရွက်နေတယ်။ အဲဒီ တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံကြိုဆိုတာပါ။ ပါတီအနေနဲ့ လုပ်တာ မဟုတ်ပါဘူး။ ကျွန်တော် တစ်ဦးတစ်ယောက်ထဲ လုပ်တာပါ။ အမျိုးသားရေးတစ်ရပ် အနေနဲ့ လုပ်တာပါ” ဟု  ဆန္ဒထုတ်ဖော်ပွဲအား ဦးဆောင်သူ ဦးဝင်းကြည်က ကမ္ဘောဇတိုင်း သို့ ပြောသည်။

.

ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင် တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ စစ်မှုထမ်းဟောင်းရုံးရှေ့ စုရပ်မှ ကျောင်းကြီးစု ရပ်ကွက်၊ တောင်ကျောင်းကြီးရှေ့အထိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးအတိုင်း “တပ်မတော်မှ ထုတ်ပြန်နေသော မဲစာရင်း ကွာဟမှုများအား ဖြေရှင်းပေးရေး ဒို့အရေး”၊ “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၄ နှင့်အညီ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူပေးရေး ဒို့အရေး”၊ “ပြည်ပအထောက်အပံ့ ရယူထားသောပါတီ အား အမြန်ဆုံးစစ်ဆေး ဖျက်သိမ်းပေးရေး ဒို့အရေး”၊ “မဲလိမ် မဲခိုးမှုများ ဖော်ထုတ်နေသော တပ်မတော်အား ဝန်းရံရေး ဒို့အရေး” အစရှိသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်ကာ  စီတန်းလှည့်လည် ဆန္ဒဖော်ထုတ် သွားမည်ဖြစ်ကြောင်း သိရသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး နေမျိုးက “ငြိမ်းစုစီ မတင်သေးပါဘူး။ ပြန်ပြီး ခဏယူသွားသေးတယ်” ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ဆန္ဒထုတ်ဖော်မှုကို တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့နေ ဦးဝင်းကြည်က ဦးဆောင်ပြီး ၎င်းအပါအဝင် ဦးမြငြိမ်းနှင့် ဒေါ်လှလှအေးတို့က ၂၀၂၀ ရွေးကောက်ပွဲမှ မဲမသမာမှုများအား တပ်မတော်မှ စိစစ်ဆောင်ရွက်နေမှုများ ကို ထောက်ခံကြောင်းနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှ အပ်နှင်းထားသော တာဝန်များကို ပြတ်သားတိကျစွာ ဆောင်ရွက်ပေးရေးတို့အတွက် ဆွေးနွေးဟောပြောသွားမည်ဖြစ်ကြောင်း သိရသည်။

.

ဦးဆောင်သူများဖြစ်သည့် ဦးဝင်းကြည်မှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်လွှတ်တော် ဗမာတိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတစ်ဦးဖြစ်ပြီး မဟာဝီရရက္ခိတလူမှု​ရေးအသင်းဝင်တစ်ဦးလည်းဖြစ်ကာ ဦးမြငြိမ်းနှင့် ဒေါ်လှလှအေးတို့မှာ အမျိုးသားလုံခြုံရေးလူမှုကွန်ရက် (ဗဟို)မှ ဖြစ်ကြောင်း သိရသည်။

.

ဓါတ်ပုံ - ၂၀၁၉ ခုနှစ်၊ မေလအတွင်းက တောင်ကြီးမြို့တွင် တပ်မတော်ထောက်ခံပွဲ ပြုလုပ်ခဲ့စဉ်

.

Journal Download

Photo of three cats