.
လူမှုကွန်ရက် (Facebook) တွင် တောင်ကြီးမြို့၌ အုပ်စုဖွဲ့၍ မူးယစ်ဆေးဝါး သုံးစွဲရောင်းချနေသည်ဟု ဖော်ပြထားသည်ကို တွေ့ရသဖြင့် တောင်ကြီးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သတင်း အတည်ပြု စုံစမ်းပြီးနောက် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
.
တောင်ကြီးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် နေလင်းဦး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသည် တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်၊ စံပယ်လမ်းသွယ်၊ အမှတ်(၈၀-က)ရှိ နေအိမ်အား ဝင်ရောက် ရှာဖွေစစ်ဆေးရာ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၄ ဦးကို WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃၁ ပြား၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများ၊ ဓါး ၃ ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါး ဖြန့်ဖြူး သုံးစွဲရောင်းချသူ ရင်ထွေး (ခ) ဖိုးပြား၊ ထူးလပြည့်၊ မျိုးမင်းထွဋ်နှင့် မမြင့်မြင့်အေးတို့ကို တောင်ကြီးမြို့မရဲစခန်း၌ မယ(ပ) ၉/၂၀၂၁၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂၀(က)/၂၂(ခ)/၂၁ ဖြင့် အမှုဖွင့် ဖမ်းဆီးကာ ကွင်းဆက်များ ဖော်ထုတ်နိုင်ရေးအတွက် စစ်ဆေးလျက် ရှိကြောင်း သိရသည်။
.
#KBZTai #Shan #News #Taunggyi