တာချီလိတ်တွင် ငွေကျပ် သိန်း ၅၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်တွင် ငွေကျပ် သိန်း ၅၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

ကမ္ဘောဇတိုင်း

.

တာချီလိတ်မြို့၊ ဆန်ဆိုင်း (က) ရပ်ကွက်တွင် ဇန်နဝါရီလ ၁၆ ရက်၊ ညပိုင်းက ငွေကျပ် သိန်း ၅၀၀၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများအား သယ်ဆောင်လာသူ ၂ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁၆ ရက်၊ ည ၁၂ နာရီအချိန်ခန့်က တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့လမ်းတွင် ကျနူး(ခ)ယာခါး မောင်းနှင်လာသော Toyota Hilux Vigo Champ အမျိုးအစား မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးသယ်ဆောင်ရာတွင် ရှေ့ပြေးအဖြစ် ဇော်မင်းထွန်း မောင်းနှင် လာသောမော်တော်ဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်နောက်ခန်းအတွင်းရှိ ဆာလာအိတ် များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀၀ ပြား၊ ကာလတန်ဖိုး ကျပ်သိန်း ၅၀၀၀ အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သယ်ဆောင်လာသူ ကျနူး(ခ)ယာခါးနှင့် ဇော်မင်းထွန်း တို့ ၂ ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats