ကမ္ဘောဇတိုင်း
.
တာချီလိတ်မြို့နယ်၊ ဟိုနား (အာခါ) ကျေးရွာအနီးတွင်
ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်၊ နံနက်ပိုင်းက ငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများအား
သယ်ဆောင်လာသူနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.တာချီလိတ်မြို့နယ်၊ ဝမ်ပုံနယ်မြေရဲစခန်းမှ
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၇ နာရီခန့်က တာချီလိတ်မြို့နယ်၊ ဟိုနား(အာခါ)ကျေးရွာအနီး
တာချီလိတ် - ဝမ်ပုံသွား ကားလမ်းတွင် စောင့်ဆိုင်း နေစဉ် တာချီလိတ်ဘက်မှ
မောင်းနှင်လာသည့် OUTLANEDR အမျိုးအစားမော်တော်ယာဉ်အား
စစ်ဆေးရန်တားဆီးရာ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ ဝမ်ပုံနယ်မြေရဲစခန်းရှေ့တွင်
ဖမ်းဆီးရမိခဲ့ပြီး မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်မောင်း ဂျူလိုင် နှင့်အတူ
ယာဉ်ပေါ်ရှိဆာလာအိတ်များ အတွင်းမှ ဘိန်းဖြူ ၇ဝ ကီလိုကို ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
.
ထို့နောက် စစ်ဆေးချက်အရ ယင်းနေ့ နံနက် ၇
နာရီခွဲအချိန် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝမ်ဆောက်ခုံ (ရှမ်းရွာဟောင်း) နေ
အိုက်ရီ (ခ) ခမ်းကျောက် နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ
နေအိမ်အတွင်းမှ တူမီးသေနတ် ၁ လက်၊ ကျည် ၁၈ တောင့်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍
ဂျူလိုင်နှင့် အိုက်ရီ (ခ) ခမ်းကျောက် (ဖမ်းမမိ) တို့ ၂ ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အရေးယူပြီး ထွက်ပြေးတိမ်းရှောင်နေသူ နှင့် ကွင်းဆက်များ
ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.