Stay Home သတ်မှတ်ထားသည့် ရှမ်းပြည်နယ်အကူရဲတပ်ဖွဲ့ခွဲ (သီးသန့်ရဲစခန်း) မိသားစုဝင်များအား စားသောက်ကုန် များ လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

Stay Home သတ်မှတ်ထားသည့် ရှမ်းပြည်နယ်အကူရဲတပ်ဖွဲ့ခွဲ (သီးသန့်ရဲစခန်း) မိသားစုဝင်များအား စားသောက်ကုန် များ လှူဒါန်း

ကမ္ဘောဇတိုင်း

.

COVID-19 ပိုးတွေ့လူနာများ တွေ့ရှိမှုကြောင့် Stay Home သတ်မှတ်ထားသည့် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက် ရှိ ရှမ်းပြည်နယ်အကူရဲတပ်ဖွဲ့ခွဲ (သီးသန့်ရဲစခန်း) ရှိ တပ်ဖွဲ့ဝင်နှင့် မိသားစုများအတွက် တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနေမျိုး၊ တောင်ကြီးမြို့မရဲစခန်းမှူး ဒုရဲမှူးထက်နိုင်ဟိန်းနှင့် တပ်ဖွဲ့ဝင်များက ယမန်နေ့ ဇန်နဝါရီလ ၇ ရက်တွင် စားသောက်ကုန်များ သွားရောက်ထောက်ပံ့ လှူဒါန်းပေးခဲ့သည်ဟု သိရသည်။

.

.

ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် သီးသန့်ရဲစခန်းဝင်းအတွင်းရှိ တပ်ဖွဲ့ဝင်နှင့် မိသားစုများအတွက် ကြက်ဥအလုံး ၁၁၀၀၊ ခေါက်ဆွဲခြောက် ၁၉ ဖာတို့အား သွားရောက်လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

.

အဆိုပါ တောင်ကြီးမြို့၊ ပြည်နယ်အကူ တပ်ဖွဲ့ခွဲမှူးရုံး (သီးသန့်ရဲစခန်းဝင်း) အတွင်း COVID-19 ပိုးတွေ့လူနာ ၁၀ ဦးခန့် တွေ့ရှိထားသည့်အတွက် ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းမှစတင်ကာ ရုံးပရိဝုဏ်တစ်ခုလုံးကို ကြိုးတားပြီး ၁၄ ရက် အသွားအလာ ကန့်သတ်ထားခြင်းဖြစ်ကြောင်း သိရဿည်။

.



Journal Download

Photo of three cats