SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး နိုင်ငံရေးမှ အနားယူမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး နိုင်ငံရေးမှ အနားယူမည်

ကိုစိုး (ကမ္ဘောဇတိုင်း)

.

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး သည် နိုင်ငံရေးမှ အနားယူမည်ဖြစ် ကြောင်း သတင်းမီဒီယာများသို့ ပြောဆိုခဲ့သည်ဟု သိရသည်။

.

.

ဦးခွန်ထွန်းဦးသည် ပါတီမှ နုတ်ထွက်ရန် ၃ ကြိမ်မြောက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ လအတွင်း ကလည်း ပါတီမှ အနားယူရန် ပြောဆိုခဲ့ဖူးကာ ဥက္ကဋ္ဌ တာဝန်ကို ဆက်လက် ထမ်းဆောင်ရန် ပါတီ၏ ညှိနှိုင်းမှုအရ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

.

“အစတုန်းကတော့ ရွေးကောက်ပွဲပြီးတဲ့အထိ လုပ်ပေးဖို့ ညှိနှိုင်းထားတာပေါ့။ ဥက္ကဋ္ဌကြီးရဲ့ ဆန္ဒကိုလည်း ပစ်ပယ်လို့ မကောင်းဘူး။ အတတ်နိုင်ဆုံး ပြန်ညှိနှိုင်းပြီး အကောင်းဆုံးဖြစ်အောင်တော့ လုပ်ရမှာပေါ့” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တွဲဘက်အ​ထွေ​ထွေအတွင်းရေးမှူး (၁) စိုင်းကျော်ညွန့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

SNLD ပါတီ အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီကာလကတည်းက ပါတီ၏ မူဝါဒများကို ထုတ်ပြန်ထားပြီးဖြစ်ကာ ပါတီအနေဖြင့် လူထက် မူကို အဓိကထားသည့်အတွက် အနာဂတ်တွင်လည်း မူဝါဒ ပြောင်းလဲရန် မရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

.

ဦးခွန်ထွန်းဦးသည် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ကို တည်ထောင်သူတစ်ဦးဖြစ်ပြီး ပါတီ ဥက္ကဋ္ဌ တာဝန်များကို နှစ်ပေါင်း ၃၀ ကျော် ဆောင်ရွက်ခဲ့သူဖြစ်ကာ စစ်အစိုးရလက်ထက်က နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရဖူးပြီး သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက် လာခြင်းဖြစ်သည်။

.

Photo – SNLD

.

Journal Download

Photo of three cats