ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေ
(၂)ရပ်ကွက်၊ ပြည်ထောင်စုလမ်းမပေါ်တွင် ယနေ့ ဇန်နဝါရီလ ၂၅ ရက်၊ နေ့လယ်ပိုင်းက မော်တော်ယာဉ်နှင့်
ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။
.
.ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေ (၁) ရပ်ကွက်နေ
ယာဉ်မောင်း ပြေသိန်း (ခ) စိုင်းရာဇာမင်းသည် ဇန်နဝါရီလ ၂၅ ရက်၊ နေ့လယ် ၂ နာရီ ၁၅ မိနစ်ခန့်က
တောင်ကြီး-ကလော ပြည်ထောင်စုလမ်းမကြီးအတိုင်း တောင်ကြီးဘက်မှ ရွှေညောင် မြို့ဘက်သို့
SKAT အမျိုးအစား အပြာရောင် မော်တော်ယာဉ်အား မောင်းနှင်လာစဉ် မင်္ဂလာအောင်မြေ
(၂) ရပ်ကွက်၊ ဘူတာလမ်းဆုံအနီး အရောက်တွင် ဝဲဘက်ရှိ ရန်မျိုးအောင် လမ်းသွယ်အတွင်းသို့
ချိုးကွေ့ရာ ပြည်ထောင်စုလမ်းမကြီး အတိုင်း မျက်နှာချင်းဆိုင်မှ အမျိုးသား တစ်ဦး မောင်းနှင်လာသည့်
LOUJIA-110 အနက်ရောင် မော်တော်ဆိုင်ကယ် အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ယာဉ်မောင်း (အမည်/လိပ်စာ
စုံစမ်းဆဲ) တွင် ယာနား သွေးထွက်၊ ပါးစပ် သွေးထွက်၊ အောက်နှုတ်ခမ်း ပေါက်ပြဲ၊ မေးစေ့ပေါက်ပြဲ၊
ဝဲဘက်ခါးပွန်း၊ ရင်ဘတ်ပေါက်ပြဲ၊ ဝဲခြေဖမိုး ပေါက်ပြဲ၊ ယာခြေဖနောက် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး
မော်တော်ယာဉ်မောင်း ပြေသိန်းတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ
ပြေသိန်း (ခ) စိုင်းရာဇာမင်းအား ရွှေညောင် နယ်မြေရဲစခန်းတွင် ယာဉ် (ပ)၅/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ
၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.