■ ရွှေညောင် တာယောတံတားအနီးတွင် ယာဉ်မတော်တဆမှုကြောင့် အမျိုးသားတစ်ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

■ ရွှေညောင် တာယောတံတားအနီးတွင် ယာဉ်မတော်တဆမှုကြောင့် အမျိုးသားတစ်ဦး သေဆုံး

ခွန်သန်းအောင်

.

တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တာယောတံတားအနီးတွင် ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက်၊ ညပိုင်းက အရှိန်မထိန်း နိုင်သော ဆိုင်ကယ်မှ လမ်းဘေးတွင် ရပ်တန့်ထားသော ကားတစ်စီးအား ဝင်ရောက်တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ လွင့်စင်ထွက်ကျကာ နောက်မှကားတစ်စီးဖြင့် ကြိတ်မိ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

အောင်ပန်းမြို့၊ မိုးကောင်းရပ်ကွက်နေ ရဲနိုင်ထွန်း (၃၈ နှစ်) မောင်းနှင်သော ဆိုင်ကယ်သည် ဇန်နဝါရီလ ၁၀ ရက်၊ ည ၇ နာရီခန့်က ပြည်ထောင်စုလမ်းမကြီးအတိုင်း ရွှေညောင်ဘက်မှ ဟဲဟိုးဘက်သို့ မောင်းနှင်လာစဉ် ရွှေညောင်မြို့၊ တာယောတံတားအနီး၊ မိုင်တိုင်အမှတ် (၁၀၂/၃) နှင့် (၁၀၂/၄) အကြား အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ဘေးတွင် ရပ်တန့်ထားသော LIFAN အပြာရောင်ယာဉ်၏ ဝဲဘက်နောက်ဘီးဖုံးအား ဝင်ရောက်တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ လွင့်စင်ထွက်ကျကာ လားရာတူမှ ကျောက်ပန်းတောင်းမြို့နယ်နေ ယာဉ်မောင်း အောင်လှိုင် မောင်းနှင်လာသည့် ၁၂ ဘီးယာဉ်ဖြင့် ဝင်ရောက်ကြိတ်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ယာဉ်မတော်တဆမှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ ရဲနိုင်ထွန်းတွင် နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ဝဲနား သွေးထွက် ဒဏ်ရာ၊ ယာဂျိုစောင်း ဖုယောင်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

.

အဆိုပါ ယာဉ်မတော်တဆမှုနှင့် ပတ်သက်၍ ဆိုင်ကယ်မဆင်မခြင်မောင်းနှင်ပြီး လမ်း၏ယာဘက်တွင် ရပ်တန့်ထား သောယာဉ်အား ဝင်ရောက်တိုက်မိသူ ရဲနိုင်ထွန်းနှင့် ၎င်းအား နောက်မှ ၁၂ ဘီးယာဉ်ဖြင့် ဝင်ရောက်ကြိတ်မိကာ သေဆုံးစေသူ ယာဉ်မောင်း အောင်လှိုင်တို့ ၂ ဦးအား ရွှေညောင်နယ်မြေရဲစခန်းတွင် ယာဉ် (ပ)၃/၂၀၂၁၊ ရာဇသတ်ကြီး ပုဒ်မ ၂၇၉/၃၀၄(က) တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats