နိုင်ငံတော်အာဏာသိမ်းရန် ခြိမ်းခြောက်ပြောဆိုမှုနှင့်ပတ်သက်၍ ကန့်ကွက်ကြောင်း ရှမ်းပြည်နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နိုင်ငံတော်အာဏာသိမ်းရန် ခြိမ်းခြောက်ပြောဆိုမှုနှင့်ပတ်သက်၍ ကန့်ကွက်ကြောင်း ရှမ်းပြည်နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ ထုတ်ပြန်

ကိုစိုး (ကမ္ဘောဇတိုင်း)

.

နိုင်ငံတော်အာဏာသိမ်းရန် ခြိမ်းခြောက်ပြောဆိုမှုနှင့်ပတ်သက်၍ ကန့်ကွက်ကြောင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပြောင်းစေရန် ဖိအားပေး တိုက်တွန်းပြောဆိုမှုများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ရှမ်းပြည်နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့က ယနေ့ ဇန်နဝါရီလ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။

.



.

“ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌ ဆရာတော်ကြီး အမှူးပြုသော ဆရာတော်ကြီးများ၏ ဇန်နဝါရီလ ၂၉ ရက်က ထုတ်ပြန်ခဲ့သည့် နိုင်ငံအတွင်းရှိ အဖွဲ့အစည်း အသီးသီး၊ နိုင်ငံသူ/နိုင်ငံသားများသို့ ဩဝါဒစကား မြွက်ကြားရာတွင် ဝိဝါဒံ ဘယတော ဒိသွာ စသည့် ဩဝါဒစကားကို အားလုံး အလေးထား လိုက်နာကြဖို့ လိုပါသည်။ ၈၈၈၈ ဆရာတော် ဖြစ်သည့် အားလျော်စွာ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီး ဖြစ်ပေါ်ဖို့အတွက် ထာဝရ ရပ်တည် ထောက်ခံပါတယ်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ကြီး ဖြစ်ပေါ်ရန် နှောက်ယှက် ဟန့်တားသည့် လုပ်ရပ်မှန်သမျှကို အမြဲတမ်း ကန့်ကွက်ပါတယ်။” ဟု တောင်ကြီးမြို့၊ ၈၈၈၈ ဆရာတော် ဘဒ္ဒန္တ ခေမာနန္တ က ကမ္ဘောဇတိုင်းသို့ မိန့်ကြားခဲ့သည်။

.

ထို့အတူ ရှမ်းပြည်နိုင်ငံရေးအကျဉ်းသားအဟောင်းများအဖွဲ့မှ ကိုမြင့်ဌေး (ခ) ကိုဘယ်ကျော် ကလည်း “ကြေညာချက် ထုတ်ထားတာ အဖွဲ့ပေါင်းစုံ ၁၉၆ ဖွဲ့ ရှိပါတယ်။ တစ်နိုင်ငံလုံးမှာ ဖြစ်နေတဲ့ မတည် မငြိမ်မှုတွေ၊ အာဏာသိမ်းမယ် ဆိုတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ ကျန်တဲ့အဖွဲ့တွေနဲ့အတူ ရှမ်းပြည်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က တစ်သဘောထဲ ရပ်တည်ပါတယ်” ဟု ပြောဆိုခဲ့သည်။

.

ရှမ်းပြည်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ကို ၁၉၆၂ ခုနှစ်မှ လက်ရှိကာလအထိ နိုင်ငံရေးလှုပ်ရှားမှုများမှ နိုင်ငံရေးအကျဉ်းသားဟောင်းများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။.

Journal Download

Photo of three cats