ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်မှ
ဒီဇင်ဘာလ ၃၁ ရက်အထိ တစ်နှစ်တာအတွင်း အမှုကြီး ၁၀ မျိုး အပါအဝင် မှုခင်းစုစုပေါင်း
၁၁၆၆၀ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
.
.
ဖြစ်ပွားခဲ့သော မှုခင်းများမှာ အမှုကြီး ၁၀ မျိုး
၃၂၀ မှု၊ အခြားအမှု ၇ မျိုး ၄၇၈၃ မှု၊ ကြိုတင်ကာကွယ်မှု ၁၀ မျိုးမှ ၅၅၆၈ မှုနှင့် ယာဉ်တိုက်မှု
၁၃၀၄ မှုတို့ဖြစ်ပြီး ယာဉ်တိုက်မှုများကြောင့် ၄၈၁ ဦး သေဆုံးကာ ၁၃၀၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့
သည်ဟု သိရသည်။
.
အမှုကြီး ၁၀ မျိုးမှာ လူသတ်မှု၊ လုယက်မှု၊ ဓါးပြမှု၊
ပြန်ပေးမှု၊ မုဒိမ်းမှု၊ ဖောက်ထွင်းမှု၊ တိရစ္ဆာန်ခိုးယူမှု၊ နိုင်ငံတော် သစ္စာဖောက်ဖျက်
ပုန်ကန်မှု၊ လက်နက်မှု၊ မတရားအသင်းမှုတို့ ပါဝင်ပြီး ရှမ်းပြည်နယ်တွင် အမှုကြီး ၁၀
မျိုးအနက် တစ်ခုအပါအဝင် ဖြစ်သော လူသတ်မှု ၁၈၉ မှုအထိ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
.
ရှမ်းပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ်အတွင်း ဖြစ်ပွားခဲ့သော
မှုခင်းများအနက် နိုဝင်ဘာလ ၂၉ ရက်က တောင်ကြီးတက္ကသိုလ် Quarantine Center အတွင်း ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုမှာ ထင်ရှားပြီး လူထုအကြား ဝေဖန်မှုများ
မြင့်တက်နေဆဲဖြစ်ကာ လက်ရှိတွင် ကျူးလွန်သူကို တရားရုံးသို့ စွဲဆိုတင်ပို့ထားသည်ဟု သိရသည်။
.