မိုင်းယုမြို့နေ ဒေသခံဘိုးဘွားများမှ ရှမ်းရိုးရာဖယောင်းတိုင်များ ပြုလုပ်ရောင်းချ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယုမြို့နေ ဒေသခံဘိုးဘွားများမှ ရှမ်းရိုးရာဖယောင်းတိုင်များ ပြုလုပ်ရောင်းချ

ကိုကိုနိုင် (မိုင်းယု)

.

တာချီလိတ်ခရိုင်၊ မိုင်းယုမြို့နေ ဒေသခံ တိုင်းရင်းသား ဘိုးဘွားများမှ တစ်ပိုင်တစ်နိုင် ရှမ်းရိုးရာ ဖယောင်းတိုင်များ ပြုလုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။

.

.

မိုင်းယုဒေသတွင်းရှိ ဒေသခံတိုင်းရင်းသား သက်ကြီးဘိုးဘွားများသည် အသက်အရွယ် ရလာသည်နှင့်အမျှ အခြား လုပ်ငန်းခွင်များတွင် သွားရောက်လုပ်ကိုင်နိုင်ခြင်းမရှိသည့်အတွက် မိမိတို့အိမ်တွင် သက်သောင့် သက်သာနေ၍ မိသားစု အပိုဝင်ငွေရရှိစေရန် ရှမ်းရိုးရာလက်လုပ်ဖယောင်းတိုင်များကို ပြုလုပ်ရောင်းချကြခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ရှမ်းရိုးရာ ဖယောင်းတိုင် ပြုလုပ်ရာတွင် အသုံးပြုသည့် ဖယောင်းခဲနှင့် ပိုးကြိုးအခွေများကို ကျိုင်းတုံမြို့နယ် မှတစ်ဆင့် မှာယူကြပြီး ရရှိလာသည့် ဖယောင်းခဲကို ဒယ်အိုးကြီးအတွင်း မီးအပူပေးကာ အရည်ပျော်လာသည့် ဖယောင်းရည်ပူအတွင်း ပိုးကြိုးခွေအား တစ်ကြိုးစီ ကြိုးတစ်ချောင်းချင်းစီကို အတင့်သင့်နစ်ကာ ဘယ်ညာဆွဲပြီး ညီညာသည့် ကြွေပြား/မှန်ပြားပေါ်တွင် တစ်ချောင်းစီ အအေးခံ၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

.

ရရှိလာသည် ရှမ်းရိုးရာလက်လုပ်ဖယောင်းတိုင်များကို အလယ်မှထက်ဝက်ခန့်ပြန်ဖျက်တောက်၍ အစည်းအရွယ်အစား အမျိုးမျိုးစည်းကာ တစ်စည်းလျှင် ၂၀၀ မှ ၂၀၀၀ ကျပ်အကြား ရောင်းချရကြောင်း ရှမ်းရိုးရာဖယောင်းတိုင် ပြုလုပ်သူ တစ်ဦး ထံက သိရသည်။

.

အဆိုပါ ရှမ်းရိုးရာလက်လုပ်ဖယောင်းတိုင်များကို ရိုးရာအလှူပြုရာတွင် လည်းကောင်း၊ ယတြာချေရာတွင် လည်းကောင်း အများဆုံးအသုံးပြု ထွန်းညှိပူဇော်ကြကြောင်း သိရသည်။

.

Journal Download

Photo of three cats