ရှမ်းပြည်နယ်အတွင်း ဝင်ငွေပုံမှန်မရှိသော ထပ်တိုး အိမ်ထောင်စု ၈၉၀၀၀ ကျော်အား အား ထောက်ပံ့ငွေ ပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အတွင်း ဝင်ငွေပုံမှန်မရှိသော ထပ်တိုး အိမ်ထောင်စု ၈၉၀၀၀ ကျော်အား အား ထောက်ပံ့ငွေ ပေးအပ်

ကိုစိုး (ကမ္ဘောဇတိုင်း)

.

ရှမ်းပြည်နယ်အတွင်းရှိ ဝင်ငွေပုံမှန်မရှိသော အိမ်ထောင်စု ၈၉၀၀၀ ကျော်အား COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလအတွင်း ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်း သိရသည်။

.

.

ထိုသို့ ထောက်ပံ့ရာတွင် ရှမ်းပြည်နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော ထပ်တိုး အိမ်ထောင်စု ၈၉၀၂၂ စုအား တစ်အိမ်ထောင်လျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် ငွေကျပ် ၁၇၈၀ ဒသမ ၄၄ သန်း အား ထောက်ပံ့ပေးနေခြင်းဖြစ်သည်ဟု သိရသည်။

.

အဆိုပါ ထောက်ပံ့ငွေများကို မြို့နယ်အလိုက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များမှ COVID-19 စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ် လျက်ရှိကြောင်း သိရသည်။

.

ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ တစ်အိမ်ထောင်လျှင် ငွေ ၂၀၀၀၀ ကျပ် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း ထောက်ပံ့ပေးရမည့် အိမ်ထောင်စု ၁၇၀၇၁၄ စုတို့ကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်းက ရာနှုန်းပြည့် ထောက်ပံ့ပေးအပ်ပြီး ဖြစ်ကာ ယခုအခါ ထပ်တိုးအိမ်ထောင်စု ၈၉၀၀၀ ကျော်တို့အတွက် ထပ်မံထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

.

ဓါတ်ပုံ - ကိုကိုနိုင် (မိုင်းယု)

.


Journal Download

Photo of three cats