တောင်ကြီးတွင် RDT Test Kit ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် RDT Test Kit ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးမည်

စုလှိုင်

.

တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ရှမ်းပြည်နယ်အစိုးရရုံးဟောင်းဝင်းအတွင်းရှိ ယခင် တောင်ကြီးခရိုင်ကော်မရှင် အဖွဲ့ခွဲရုံး နေရာတွင် ဇန်နဝါရီလ ၁၈ ရက်မှ စတင်၍ RDT Test Kit ဖြင့် COVID-19 ရောဂါပိုး/ရှိမရှိ စစ်ဆေးပေးနိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

.

“ဇန်နဝါရီ ၁၈ ရက်လောက်မှာ စစ်နိုင်အောင် ပြင်ဆင်နေပါတယ်။ တောင်ကြီးမြို့နယ်အပြင် ရှမ်းပြည်နယ်အတွင်းက ခရီးသွား လာရောက်တဲ့သူတွေလည်း စစ်ဆေးလို့ ရပါတယ်။ အဓိက ကတော့ အတိုင်ပင်ခံ လမ်းညွှန်ထားတဲ့အတိုင်း မြန်မြန်တွေ့မှ မြန်မြန်ကုသမှုပေးနိုင် အောင် ဆောင်ရွက်တာပါ” ဟု တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ထိုသို့ စစ်ဆေးပေးရာတွင် တစ်ရက်လျှင် အနည်းဆုံး လူဦးရေ ၁၅၀ ခန့် စစ်ဆေးပေးနိုင်မည်ဖြစ်ပြီး တစ်ဦးလျှင် ဆေးစစ်ခ ကျပ် ၁၅၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။

.

ထို့အတူ တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမိုးထွန်းကလည်း “အနံ့ပျောက်တဲ့သူတွေ၊ ရောဂါလက္ခဏာပြတဲ့သူတွေကို စစ်နိုင်ဖို့ပါ။ RDT နဲ့ပဲ စစ်မှာပါ။ ပြည်နယ်အစိုးရက စီစဉ်တာပေါ့။ ကျန်းမာရေး ကတော့ COVID-19 စစ်ဆေးပေးမှာပါ” ဟု ပြောဆိုခဲ့သည်။

.

တောင်ကြီးမြို့နယ်အတွင်းရှိ အနံ့ပျောက်သူများ၊ ဖျားနာသူများ၊ ချောင်းဆိုးသူများ၊ ကိုယ်လက်မအီမသာဖြစ်သူများ၊ အသက်ရှူကြပ်သူများ စသည့် COVID-19 ရောဂါဆိုင်ရာ လက္ခဏာခံစားနေရသူများ လာရောက်ဆေးစစ်မှု ခံယူနိုင်ရန် အတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

.

လက်ရှိတွင် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံရှိ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနတွင် ရှမ်းပြည်နယ်နှင့် ကယား ပြည်နယ်မှ ဓါတ်ခွဲနမူနာများကို PCR စက်ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးနေပြီး မြို့နယ်အတွင်းရှိ Quarantine Center အသီးသီးတွင် အသွားအလာ ကန့်သတ်နေထိုင်နေသူများကို သက်ဆိုင်ရာ စင်တာများတွင် ကျန်းမာရေးဌာန ဝန်ထမ်းများမှ RDT Test Kit ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats