ကမ္ဘောဇတိုင်း
.
တောင်ကြီးတက္ကသိုလ် Quarantine Center တွင် အသွားအလာ ကန့်သတ်မှု ခံယူနေသော ဆရာမများအား ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက်က
ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ စားနပ်ရိက္ခာများ သွား
ရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
.
.ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် တောင်ကြီးတက္ကသိုလ်
Quarantine Center ၌ ဝင်ရောက်လျက်ရှိသော ဆရာမ ၈၀ ဦး အတွက် ငွေကျပ်
သိန်း ၂၀၊ COVID-19 ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ ဆန်၊ ဆီ၊ ဆား၊
ကုလားပဲ စသည့် စားနပ်ရိက္ခာ များအား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
.
အလားတူ ဟိုတယ်အသီးသီးတွင် Hotel
Quarantine ဝင်ရောက်နေသော ဆရာ/ဆရာမ ၆၀ ဦးအတွက်လည်း ရှမ်းပြည်နယ် ပြည်သူလူထု
စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီက ကုန်ကျစရိတ်များ လှူဒါန်း ပေးသွားမည် ဖြစ်ကြောင်း
သိရသည်။
.
ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ
ထောက်ပံ့ရေးကော်မတီ အနေဖြင့် စတင် ဖွဲ့စည်း တည်ထောင်ချိန်မှ ယနေ့အထိ
စုစုပေါင်း ငွေကျပ် သိန်းပေါင်း ၁၈၀၀၀ ကျော် တန်ဖိုးရှိ စားနပ်ရိက္ခာများ၊
ကျန်းမာရေး အကာအကွယ် ပစ္စည်းများကို ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံရှိ
ဒေသအချို့တွင် လှူဒါန်းပြီး ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment