□ အောင်ဆန်းဝင်း
.
တောင်ကြီးတက္ကသိုလ်မှ အင်္ဂလိပ်စာ အထူးပြု ကျောင်းသား၊ ကျောင်းသူများဖြင့် ဖွဲ့စည်းထားသည့် တောင်ကြီးအားမာန် လူမှုရေးအသင်းအား လာမည့် ဇန်နဝါရီ ၄ ရက်မှ စတင်၍ ရပ်နားတော့မည် ဖြစ်ကြောင်း သိရသည်။
.
အလှူငွေ ရရှိမှု နည်းပါးလာခြင်းကြောင့် ရေရှည် ရပ်တည်ရန် ခက်ခဲလာသည့်အတွက် ယင်းကဲ့သို့ ရပ်နားရန် ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း အသင်း တာဝန်ရှိသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးအားမာန် လူမှုရေးအသင်းသည် တောင်ကြီးမြို့ပေါ်ရှိ Quarantine Center များတွင် အသွားအလာ ကန့်သတ်ထားရသူများအတွက် ထမင်းဘူးများကို နေ့စဥ် လှူဒါန်းပေးနေသည့် ပရဟိတအသင်းတစ်ခု ဖြစ်သည်။
.
တောင်ကြီးမြို့ပေါ်ရှိ Quarantine Center များသို့ တောင်ကြီးအားမာန်လူမှုရေးအသင်း အနေဖြင့် ထမင်းဘူး ၁၃၀၀၀ ကျော်ခန့်ထိ လှူဒါန်းခဲ့သည့်အပြင် မြို့ပေါ်ရပ်ကွက် အချို့တွင်လည်း လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။