လွိုင်လင်မြို့နယ်အတွင်း ဘိန်းစိုက်ခင်း ဖျက်ဆီးနေမှုများအား ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး လိုက်လံကြည့်ရှုစစ်ဆေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လွိုင်လင်မြို့နယ်အတွင်း ဘိန်းစိုက်ခင်း ဖျက်ဆီးနေမှုများအား ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး လိုက်လံကြည့်ရှုစစ်ဆေး

ကမ္ဘောဇတိုင်း

.

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုနှင့် တာဝန်ရှိသူများသည် ယမန်နေ့ ဇန်နဝါရီလ ၉ ရက်က လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်အတွင်း ဘိန်းစိုက်ခင်း ဖျက်ဆီးနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

.

.

ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၏ အနောက်မြောက်ဘက် ၁၃ မိုင်ခန့်အကွာ ရီဝင်းကျေးရွာ အရှေ့ဘက်ရှိဘိန်းစိုက်ခင်းများအား ဖျက်ဆီးနေခြင်းဖြစ်ပြီး ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့က ဘိန်းစိုက်ခင်းများ မီးရှို့ဖျက်ဆီးပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးကာ အဆိုပါနေရာအနီးတွင် ဘိန်းစိုက်ခင်း ဖျက်ဆီးလျက်ရှိသော စစ်သည်များနှင့် ရဲတပ်ဖွဲ့ဝင် ၅၀ ဦးခန့်တို့အား ကြီးကြပ်၍ အမြင့် ၃ ပေ နှင့် ၄ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၅၀ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။

.

ထို့နောက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးသည် ရီဝင်းကျေးရွာအနီး တောတွင်းအခြေပြုလျက် ဘိန်းစိုက်ခင်းများ ဖျက်ဆီး နေသည့် တပ်ဖွဲ့ဝင်များ၏ နေထိုင်စားသောက်မှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တပ်ဖွဲ့ဝင်နှင့် စစ်သည်များအတွက် ငွေကျပ် ၁၇၇၃၀၀၀ တန်ဖိုးရှိ ဆန်၊ ဆီ၊ ငါးခြောက်၊ ကြက်ဥ၊ ကုလားပဲ၊ ငရုတ်သီး၊ ခရမ်းချဉ်တို့ကို ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

.

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုနှင့်အတူ အမှတ် (၂) ဒုံးစစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ဒုံးနည်းဗျူဟာမှူး ဗိုလ်မှူးကြီး သန်းထွန်းအောင်၊ အမှတ် (၂) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီးလင်းထွဋ်မြင့်၊ လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဇေယျာကျော်၊ အမှတ် (၂၆) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး ညီညီထွန်း၊ လွိုင်လင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးကျော်ဟိန်းတို့ လိုက်ပါဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

.

ရှမ်းပြည်နယ်တွင် ၂၀၂၀-၂၀၂၁ ဘိန်းစိုက်ရာသီအတွင်း ဇန်နဝါရီလ ၈ ရက်အထိ ဘိန်းစိုက်ခင်း ၈၃၉၈ ဒသမ ၆၀ ဧကခန့်အား ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats