တောင်ကြီးတွင် ဖဲရိုက် လောင်းကစား ပြုလုပ်နေသူများကို ဖမ်းဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် ဖဲရိုက် လောင်းကစား ပြုလုပ်နေသူများကို ဖမ်းဆီး

စုလှိုင်

.


တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်၊ နယ်မြေ (၉)၊ ရွှေကျေးလမ်းမပေါ် တောင်ကြီး- မန္တလေးသို့ ကုန်ပစ္စည်းများ တင်ဆောင်မည့် မော်တော်ယာဉ် နောက်ခန်းတွင် ဖဲရိုက်လောင်းကစား ပြုလုပ်နေသူများကို ဇန်နဝါရီလ ၁၉ ရက်၊ ညဦးပိုင်းက ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

.

တောင်ကြီးမှ မန္တလေးသို့ ကုန်ပစ္စည်းများ တင်ဆောင်ရန်အတွက် ယာဉ်နောက်ခန်း အတွင်းရှိ ထိုင်ခုံများ ဖြုတ်ထားသည့် မော်တော်ယာဉ်ပေါ်တွင် ဖဲရိုက် လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ တောင်ကြီးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့များသည် သက်သေများနှင့်အတူ သွားရောက် ရှာဖွေဖမ်းဆီးရာ ဖဲရိုက် လောင်းကစား ပြုလုပ်နေကြသည့် အမျိုးသား ၅ ဦးနှင့် ဖဲဝိုင်းဘေးတွင် လောင်းကစားရန် ရောက်ရှိနေသည့် အမျိုးသား ၄ ဦးကို သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ဖဲရိုက်လောင်းကစား ပြုလုပ်နေသူ အမျိုးသား ၉ ဦးနှင့် ယာဉ်ပိုင်ရှင်ကို တောင်ကြီးမြို့မရဲစခန်း လောင်းကစား ဥပဒေပုဒ်မဖြင့် အမှုဖွင့် ဖမ်းဆီးကာ ဖဲရိုက် လောင်းကစား ပြုလုပ်သည့် မော်တော်ယာဉ် အပါအဝင် သက်သေခံပစ္စည်းများကို သိမ်းဆည်းထားကြောင်း သိရသည်။

.

Journal Download

Photo of three cats