တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်ကို ဖေဖော်ဝါရီလ ၈ ရက်တွင် ပြုလုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်ကို ဖေဖော်ဝါရီလ ၈ ရက်တွင် ပြုလုပ်မည်

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်များ ပါဝင်မည့် တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီလ ၈ ရက်တွင် စတင်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

.


 

အခြေခံဥပဒေ ပုဒ်မ ၁၇၂၊ ပုဒ်မခွဲ(ခ)၊ ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၂၉၊ ၂၀၁၃ ခုနှစ် ရှမ်းပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (ခ)တို့အရ တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို တောင်ကြီးမြို့၌ ကျင်းပမည် ဖြစ်ကြောင်း ယနေ့ ဇန်နဝါရီလ ၁၇ ရက်တွင် ရှမ်းပြည်နယ်လွှတ်တော်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

တတိယအကြိမ် လွှတ်တော်အစည်းအဝေး ကျင်းပရာတွင် ဒုတိယအကြိမ် လွှတ်တော်နှင့် မချိတ်ဆက်တော့ဘဲ လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ အသစ်၊ အဟောင်းတို့သာ တာဝန်လွှဲပြောင်းလက်ခံ ဆောင်ရွက်သွားရန် စီစဉ်ထားပြီး ဒုတိယအကြိမ် လွှတ်တော်ကိုယ်စားလှယ်ဟောင်းများကိုလည်း အချိန်ကာလ ကန့်သတ်ချက်အရ ကြယ်ပွင့်မပြ မေးခွန်းများကိုသာ မေးမြန်းခွင့် ပြုထားကြောင်း လက်ရှိ ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးစဝ်အောင်မြတ်က ပြောဆိုထားသည်။

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၃၃ ဦး၊ SNLD မှ ကိုယ်စားလှယ် ၂၆ ဦး၊ USDP မှ ကိုယ်စားလှယ် ၂၄ ဦး၊ TNP မှ ကိုယ်စားလှယ် ၇ ဦး၊ PNO မှ ကိုယ်စားလှယ် ၇ ဦး၊ WNP မှ ကိုယ်စားလှယ် ၂ ဦး၊ LNDP မှ ကိုယ်စားလှယ် ဦး၊ SNDP မှ ကိုယ်စားလှယ် ၁ ဦး၊ KNP မှ ကိုယ်စားလှယ် ၁ ဦး၊ တစ်သီး ပုဂ္ဂလကိုယ်စားလှယ် ဦးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၃၅ ဦး၊ စုစုပေါင်း ကိုယ်စားလှယ် ၁၄၀ ဦး ပါဝင်မည် ဖြစ်သည်။

.

အဆိုပါ တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဌအသစ်နှင့် ဒုဥက္ကဌအသစ်များ ရွေးချယ်တင်မြှောက်ကြမည် ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats