ကမ္ဘောဇတိုင်း
.
ညောင်ရွှေမြို့နယ်၊ နောင်တောကျေးရွာအုပ်စု၊ ဒုံတခေါ့ကျေးရွာတွင်
ယနေ့ ဇန်နဝါရီလ ၁၉ ရက်၊ နံနက်ပိုင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ ကျပ်သိန်း
၄၀၀ ကျော်အား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
.
.
ကျေးလက်နေတောင်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့်
မိသားစုဝင်ငွေ တိုးပွားလာခြင်းဖြင့် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရန်နှင့်
တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ် လိုအပ်နေသော ဖွံ့ဖြိုးရေးလုပ်ငန်းများကို
ကျေးရွာများမှ ကိုယ်တိုင်ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း
ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း
ချေးငွေများကို ထုတ်ချေး ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.
ထိုသို့ ထုတ်ချေးပေးရာတွင် ဒုံတခေါ့ကျေးရွာအတွင်းရှိ
အတိုးဆပ်ကာလ ၄ လတစ်ကြိမ်၊ အတိုး ၅၀ ပြားနှုန်းဖြင့် ပဉ္စမ အကြိမ် ထုတ်ချေးပေးရန်အတွက်
ချေးငွေအောင်မြင်သည့် စိုက်ပျိုးရေးလုပ်ကိုင်သူ ၁၂၅ ဦးတို့အား ရန်ပုံငွေကျပ် ၄၇၂ သိန်း
ထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မြစိမ်းရောင်ရန်ပုံငွေ ထုတ်ချေးပေးမှုကို
ညောင်ရွှေမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းထိုက်နှင့်
ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်ပြီး လိုအပ်သည်များကို မြစိမ်းရောင်ကျေးရွာ ကော်မတီဝင်များနှင့်
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
.
ညောင်ရွှေမြို့နယ်တွင် ၂၀၁၃-၂၀၁၄ ခု
ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ မြစိမ်းရောင်စီမံကိန်းကျေးရွာ ၆၆ ယူနစ်ဖြင့်
ကျေးရွာ ၈၂ ရွာတွင် အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။
.